ပြည်တွင်းရှိ နိုင်ငံသားတစ်ဦးက ပြည်ပနိုင်ငံ၌ လုပ်ငန်းလုပ်ကိုင်ထားသည့် ရှယ်ယာ ထည့်ဝင်ထား ခြင်းမှရရှိသည့် အမြတ်ဝေစု၀င်ငွေအပေါ် ပြည်တွင်း၌ အခွန်ပေးဆောင်ရခြင်း ရှိ/မရှိ မေးမြန်းခြင်း။
Answer
ပြည်တွင်းနေနိုင်ငံသားအနေဖြင့် ပြည်ပနိုင်ငံ၌ရှယ်ယာထည့်ဝင်၍ စီးပွားရေးလုပ်ကိုင်ဆောင်ရွက်ထားခြင်းမှရရှိသည့် အမြတ်ဝေစုရရှိငွေမှာ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၄-က အရ အခြားရလမ်းများမှရရှိဝင်ငွေဖြစ်၍ ၄င်းပုဂ္ဂိုလ်အနေဖြင့် ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၇ အရ သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ ဝင်ငွေကြေညာလွှာ ပေးပို့ရမည်ဖြစ်ပြီး ယင်းအပေါ် ဝင်ငွေခွန်စည်းမျဉ်း ၈(က) အရ နိုင်ငံခြားငွေဖြင့်ရငွေကို သတ်မှတ်ထားသော ငွေလဲလှယ်နှုန်းဖြင့် ကျပ်ငွေသို့ဖလှယ်၍ တန်ဖိုးသင့်ပြီးကျပ်ငွေဖြင့် စုစုပေါင်းဝင်ငွေကို ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၂၀ အရ နိုင်ငံခြားငွေဖြင့် ပြည်ပတွင်ရရှိသည့် စုစုပေါင်းဝင်ငွေအပေါ် ၁၀ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်ပါသည်။ပြည်တွင်းနေ နိုင်ငံသား၏ နိုင်ငံခြားငွေဖြင့်ရရှိ၀င်ငွေအပေါ် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ ပုဒ်မ ၃၂ အရ ကျပ်ငွေဖြင့် ပေးဆောင်ရမည်ဖြစ်ပါသည်။
Question
ပြည်တွင်းရှိနိုင်ငံသားတစ်ဦးက ပြည်ပနိုင်ငံ၌လုပ်ငန်းလုပ်ကိုင်ထားသည့် ရှယ်ယာထည့်ဝင်ထားခြင်းမှရရှိသည့် အမြတ်ဝေစု၀င်ငွေအပေါ် ပြည်တွင်း၌အခွန်ပေးဆောင်ရခြင်း ရှိ/မရှိ မေးမြန်းခြင်း။