စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ကြေညာချက်အမှတ်၊ ၁/၂၀၂၀ အရ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်နှင့် လစာဝင်ငွေခွန် ပေးဆောင်ရမည့်ရက်များ မည်ကဲ့သို့ တိုးမြှင့်ခွင့်ပြုထားပါသနည်း။

Answer

(က)              စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ကြေညာချက်အမှတ်၊ ၁/၂၀၂၀ အရ အခွန်ပေးသွင်းရန်တိုးမြှင့်သတ်မှတ်ပေးထားသည့်ရက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည် -

(၁)     ဝင်ငွေခွန်ဖြစ်လျှင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ဒုတိယသုံးလပတ်ကာလအတွက် ဥပဒေအရ အခွန်ပေးသွင်း ရမည့်ရက်မှာ ဧပြီလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အတွင်းဖြစ်ပြီး၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ တတိယသုံးလပတ် ကာလအတွက် ဥပဒေအရ အခွန်ပေးသွင်းရမည့် သတ်မှတ်ရက်မှာ ဇူလိုင် လ ၁ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း ဖြစ်ပါသည်၊

(၂)      အဆိုပါသတ်မှတ်ရက်များကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမကုန်ဆုံးမီ ပေးဆောင်နိုင်ကြောင်း အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်အရ တိုးမြှင့်သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပါသည်၊

(၃)     ကုန်သွယ်လုပ်ငန်းခွန်ဖြစ်လျှင် ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွက်မှစပြီး ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လအတွက်အထိ လစဉ်ပေးသွင်းရမည့် ကုန်သွယ် လုပ်ငန်းခွန်ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ မကုန်ဆုံးမီကာလအတွင်း ပေးဆောင်ခွင့်ပြုခြင်း ဖြစ်ပါသည်။

(ခ)     လစာဝင်ငွေခွန်အား သုံးလတစ်ကြိမ် ပေးသွင်းခွင့်ပြုရန် အခွန်ဆိုင်ရာစီမံအုပ် ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ(က)နှင့်အညီ ပြည်တွင်းအခွန်များဦးစီးဌာနသို့ လျှောက်ထားပါက အခွန်ပေးဆောင်မည့်ရက် တိုးမြှင့်သတ်မှတ်ပေးမည်ဖြစ်ပါ သည်။

Question

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ကြေညာချက်အမှတ်၊ ၁/၂၀၂၀ အရ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်နှင့် လစာဝင်ငွေခွန် ပေးဆောင်ရမည့်ရက်များ မည်ကဲ့သို့ တိုးမြှင့်ခွင့်ပြုထားပါသနည်း။

FAQ Category