အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (အထွေထွေ)

Answer

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၀၊ ပုဒ်မခွဲ (က) တွင် အခွန်ပေးဆောင်ရန် တာဝန်ရှိသူသည် အခွန်ဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသည့်အချိန်ကာလတွင် အခွန်ပေးဆောင်ရမည်ဟု ပြဋ္ဌာန်းထားပါသဖြင့် သတ်မှတ်ကာလတွင် အခွန်ကိုပေးသွင်း ရမည်ဖြစ်ပါသည်။ အခွန်ပေးဆောင်ရမည့် သတ်မှတ်ရက်ကျော်လွန်ပါက အခွန် ပေးဆောင်ရမည့် အချိန်တိုးမြှင့်ပေးရန်လျှောက်ထား၍မရပါ။ စည်းကြပ်မှု သို့မဟုတ် ပြန်လည်စည်းကြပ်မှုပြုလုပ်သည့်နေ့ မှ ၁၄ရက်အတွင်း သို့မဟုတ် စည်းကြပ်မှု အကြောင်းကြားစာပါသတ်မှတ်ရက်တွင် အခွန်ပေးဆောင်ရမည်။ အဆိုပါကာလ အတွင်း အချိန်တိုးမြှင့်ပေးရန် သတ်မှတ်ပုံစံဖြင့် သက်ဆိုင်ရာအခွန်ရုံးတွင် လျှောက် ထားနိုင်ပါသည်။ ဤသို့ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေ ပုဒ်မ ၇၄၊ ပုဒ်မခွဲ (က) အရ ပေးဆောင်ခြင်းမရှိသေးသည့်အခွန်၏ ၁၀ ရာခိုင်နှုန်း နှင့် ညီမျှသည့်ပမာဏကို နောက်ကျပေးဆောင်ခြင်းအတွက် ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရမည်ဖြစ်ပါသည်။

Question

ကုမ္ပဏီ၏ အခွန်ပေးသွင်းရမည့်ရက် ကျော်လွန်သွားပါ၍ အခွန်ပေးသွင်းရမည့် အချိန်ကို တိုးမြှင့်ပေးရန် လျှောက်ထား၍ ရ/ မရ သိရှိလို၍မေးမြန်းခြင်း

FAQ Category

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (အထွေထွေ)

Answer

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၂၀၊ ပုဒ်မခွဲ (ဂ) အရ ကုမ္ပဏီ၏ စာရွက်စာတမ်း အမှတ်အသားများကို

(၁)    လုပ်ဆောင်ချက်တစ်ခုကို ပြုလုပ်သည့်နေ့မှစ၍ ခုနစ်နှစ်ကြာမြင့်သည့်ကာလ အထိ ထိန်းသိမ်းထားရမည်။

(၂)    ခုနစ်နှစ်ထက် ပိုမိုကြာမြင့်သည့်ကိစ္စဖြစ်ပါက ယင်းမှတ်တမ်းများနှင့် သက်ဆိုင်သည့် အချိန်ကာလတစ်ရပ်အတွက် အခွန်စည်းကြပ်ရန် ကာလ စည်းကမ်းသတ် ကုန်ဆုံးသည်အထိ ထိန်းသိမ်းထားရမည်ဖြစ်ပါသည်။

Question

ကုမ္ပဏီ၏ စာရွက်စာတမ်းအမှတ်အသားများကို မည်သည့်အချိန်ထိ ထိန်းသိမ်းထား ရန် လိုအပ်သည်ကို သိရှိလို၍မေးမြန်းခြင်း

FAQ Category

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (အထွေထွေ)

Answer

ပြည်တွင်းထုတ်လုပ်မှုကို အခြေခံသည့်အသစ်ထူထောင်သော အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ ပုဒ်မ ၂၉ တွင် ဖော်ပြထားသည်မှာ လုပ်ငန်းစတင်သောနှစ် အပါအဝင် တစ်ဆက်တည်း သုံးနှစ်တာကာလအတွင်း နှစ်တစ်နှစ် စုစုပေါင်း အသားတင် အမြတ်ဝင်ငွေ ကျပ် သိန်း ၁၅၀ ထိ ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုသည်။ ဖော်ပြပါဝင်ငွေထက် ပိုမိုရရှိပါက ပိုမိုရရှိသည့်ဝင်ငွေအပါ်တွင်သာ ဝင်ငွေခွန် စည်းကြပ်ရမည် ဖြစ်ပါသည်။

Question

ကုမ္ပဏီ၏ အသစ်ထူထောင်သော စက်မှုလက်မှုကိုအခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ဝင်ငွေခွန်နှင့်ပတ်သက်၍ သိရှိလိုသဖြင့် မေးမြန်းခြင်း

FAQ Category

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (အထွေထွေ)

Answer

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၁၇၊ ပုဒ်မ ၄၁ နှင့် ဝင်ငွေခွန်စည်းမျဉ်း ၁၀ (က) တွင် ဖော်ပြထားသောသူများဖြစ်ပါက ကုမ္ပဏီ၏ကိုယ်စားလှယ်အဖြစ် ဆောင်ရွက် ခွင့်ရှိ မည်ဖြစ်ပြီး ကုမ္ပဏီ၏ အခွန်ကိစ္စများဖြစ်သော နှစ်ချုပ်ကြေညာလွှာစာရင်း တင်ပြခြင်း ကိစ္စရပ်များတွင် ဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ပါက ကိုယ်စားလက်မှတ် ရေးထိုး၍ ရနိုင်ပါသည်။

Question

ကုမ္ပဏီ၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခွင့်ရှိသူအနေဖြင့် ကုမ္ပဏီ၏ အခွန် ကိစ္စများ ဖြစ်သော နှစ်ချုပ်ကြေညာလွှာစာရင်းတင်ပြရန်ကိစ္စများတွင် လက်မှတ်ရေး ထိုးခွင့် ရှိ/မရှိ သိရှိလို၍မေးမြန်းခြင်း

FAQ Category

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (အထွေထွေ)

Answer

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၅၊ ပုဒ်မခွဲ (က) တွင် အခွန်ပေးဆောင်ရန် သတ်မှတ်ရက်တွင် အခွန်တစ်ရပ်ကို ပေးဆောင်ခြင်းမရှိပါက ညွှန်ကြားရေးမှူးချုပ် သည် အခွန်ထမ်းထံသို့ အခွန်ပေးဆောင်ရန်တောင်းခံသည့် အကြောင်းကြားစာကို ပေးပို့မည်ဖြစ်ပြီး အကြောင်းကြားစာလက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အခွန်ပေးဆောင်ရန် ပျက်ကွက်ပါက မပေးဆောင် သည့်အခွန်ကို မပြေကျန်ငွေအဖြစ် လည်းကောင်း၊ ယင်းအခွန်ထမ်းအား ပျက်ကွက်သူအဖြစ် လည်းကောင်း သတ်မှတ် ရမည်ဟု အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၅၊ ပုဒ်မခွဲ (ဂ) တွင် မပြေကျန်ငွေ နှင့် ပျက်ကွက်သူဆိုင်ရာ သတ်မှတ်ချက်ကို ပြဋ္ဌာန်းထားပါသည်။ သို့ဖြစ်၍ မပြေ ကျန်ငွေဆိုသည်မှာ စည်းကြပ်မှုအရကျသင့်အခွန်ကို သတ်မှတ်ကာလအတွင်း အခွန် ပေးဆောင်ရန် ပျက်ကွက်ပါက မပေးဆောင်သည့်အခွန်ကို မပြေကျန်ငွေဟု သတ်မှတ်ပါသည်။

Question

မပြေကျန်ငွေဆိုသည့် စကားရပ်အား သိရှိလို၍မေးမြန်းခြင်း

FAQ Category

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (အထွေထွေ)

Answer

ပုဂ္ဂိုလ်စုအခွန်ထမ်းများ အီလက်ထရောနစ်စနစ် (e-Filing) ဖြင့် ကြေညာလွှာ တင်သွင်းဆောင်ရွက်ရာတွင် အခက်အခဲများ၊ မှားယွင်ချက်များအား အီလက်ထရောနစ် ဝန်ဆောင်မှုနည်းပညာဆိုင်ရာ အကူအညီပေးရေးစင်တာ (e-Services Helpdesk Center) အမှတ် (၅၉/၆၁)၊ မြေညီထပ်၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး (ဖုန်းနံပါတ် ၀၁-၈၃၇၈၃၇၁၊ ၀၁-၈၃၇၀၁၉၅) တို့သို့ ဆက်သွယ် ဆောင်ရွက်နိုင်ပါသည်။

Question

e-Filing ဖြင့် ကြေညာလွှာတင်သွင်းနေစဉ် e-mail address မှားယွင်းသွားပါသဖြင့် မည်သို့ဆောင်ရွက်ရမည်ကို သိရှိလို၍ မေးမြန်းခြင်း

FAQ Category

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (အထွေထွေ)

Answer

ကုမ္ပဏီ၏ လိုအပ်သည့်စာတမ်းအမှတ်အသားများ ထိန်းသိမ်းရန်ပျက်ကွက်ပါက ပျက်ကွက်မှုအတွက် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၀၊ ပုဒ်မခွဲ (က) အရ ပျက်ကွက်မှုဆက်လက်ဖြစ်ပွားနေသည့် ရက်တစ်ရက်ချင်းစီအတွက်ဖြစ်စေ၊ ရက်တစ်ရက် ၏ တစ်စိတ်တစ်ပိုင်းအတွက်ဖြစ်စေ ပုဒ်မခွဲ (ခ) ပါ ဒဏ်ကြေးငွေသည်-

(၁)    ကျပ် ငါးသိန်း ထက်မပိုသည့် အခွန်ပေးဆောင်ရန် တာဝန်ရှိသူဖြစ်ပါက ပျက်ကွက်မှု ဆက်လက်ဖြစ်ပွားနေသည့် ရက် တစ်ရက်စီ အတွက် တစ်ရက် လျှင် ကျပ်ငါးထောင်ဖြစ်သည်။

(၂)    ကျပ် သိန်း၅၀ ထက်မပိုသည့် အခွန်ပေးဆောင်ရန် တာဝန်ရှိသူဖြစ်ပါက ပျက်ကွက်မှုဆက်လက်ဖြစ်ပွားနေသည့် ရက် တစ်ရက်စီ အတွက် တစ်ရက် လျှင် ကျပ် ငါးသောင်းဖြစ်သည်။

(၃)    ကျပ် သိန်း ၅၀ ထက်ကျော်လွန်သည့် အခွန်ပေးဆောင်ရန် တာဝန်ရှိသူဖြစ်ပါ က ပျက်ကွက်မှု ဆက်လက်ဖြစ်ပွားနေသည့် ရက် တစ်ရက်စီ အတွက် တစ်ရက်လျှင် ကျပ် တစ်သိန်း ဖြစ်ပါသည်။

Question

ကုမ္ပဏီ၏ စာရွက်စာတမ်းအထောက်အထားများကို ထိန်းသိမ်းရန်ပျက်ကွက်ပါက မည်သည့်ဒဏ်ကြေးငွေများပေးဆောင်ရမည်ကို သိရှိလို၍မေးမြန်းခြင်း

FAQ Category

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (အထွေထွေ)

Answer

ကုမ္ပဏီတွင် e-mail လိပ်စာ ပြောင်းလဲခြင်းအတွက် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (စ) အရ အခွန်စည်းကြပ်ခံယူလျက်ရှိသောသက်ဆိုင်ရာ အခွန်ရုံးသို့ သတင်းအချက်အလက်ပြောင်းလဲမှုပုံစံ ပတခ(ကသခ)-၀၁-၀၃ ကို စာဖြင့်တင်ပြရမည်ဖြစ်ပါသည်။ ထိုသို့ တင်ပြရာတွင် ကုန်သွယ် လုပ်ငန်းခွန်ဥပဒေ၊ အထူးကုန်စည်ခွန်ဥပဒေတို့နှင့် သက်ဆိုင်သည့်ကိစ္စ ဖြစ်ပါက ပြောင်းလဲမှု ပြုလုပ်ပြီး ၁၅ ရက်အတွင်း၊ ဝင်ငွေခွန်ဥပဒေနှင့် သက်ဆိုင်သည့် ကိစ္စရပ် ဖြစ်ပါကပြောင်းလဲ မှုပြုလုပ်ပြီး တစ်နှစ်အတွင်း ညွှန်ကြားရေးမှူးချုပ်ထံစာဖြင့် အကြောင်းကြားရမည် ဖြစ်ပါသည်။

Question

ကုမ္ပဏီတွင် e-mail လိပ်စာ ပြောင်းလဲခြင်းအတွက် မည်သို့ဆောင်ရွက်ရမည်ကို သိရှိလို ၍မေးမြန်းခြင်း

FAQ Category

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (အထွေထွေ)

Answer

အခွန်စည်းကြပ်မှုနှင့်စပ်လျဉ်း၍ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၂၉၊ ပုဒ်မခွဲ (က) အရ စည်းကြပ်မှုအသစ် (သို့မဟုတ်) ပြင်ဆင်စည်းကြပ်မှုအပါအဝင် စည်းကြပ်မှု တစ်ခုခုကို စည်းကြပ်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအခွန်ကာလကုန်ဆုံးပြီး ခြောက်နှစ်အတွင်း ဆောင်ရွက်ခွင့်ရှိသည်။ ပုဒ်မခွဲ (ခ) အရ အောက်ပါစည်းကြပ်မှုတစ်ရပ်ရပ်တွင် စည်းကြပ်မှုနှင့်စပ်လျဉ်းသည့် သက်ဆိုင်ရာ အခွန်ကာလကုန်ဆုံးပြီး ၁၂ နှစ်အတွင်း စည်းကြပ်မှုအသစ် သို့မဟုတ် ပြင်ဆင်စည်းကြပ်မှုပြုနိုင်သည်-

(၁)    ပုဒ်မ ၂၇၊ ပုဒ်မခွဲ (ဂ) အရ စည်းကြပ်မှု၊

(၂)    မူလစည်းကြပ်မှုသည် အခွန်ထမ်း၏ လိမ်လည်လှည့်ဖြားမှုကြောင့် သို့မဟုတ် တမင်လျစ်လျူရှုမှုကြောင့်မမှန်မကန်သော သတင်းအချက်အလက်အပေါ် အခြေခံ၍ပြုလုပ်ခဲ့ရခြင်း ဖြစ်ပါက ပုဒ်မ ၂၈၊ ပုဒ်မခွဲ (က) အရ စည်းကြပ်မှု တို့ ဖြစ်ပါသည်။

Question

အခွန်စည်းကြပ်မှုအား သက်ဆိုင်ရာအခွန်ကာလကုန်ဆုံးပါက မည်သို့ဆောင်ရွက် ရမည်ကို သိရှိလို၍ မေးမြန်းခြင်း

FAQ Category

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (အထွေထွေ)

Answer

ကုမ္ပဏီအနေဖြင့် လိုက်နာကျင့်သုံးရန် သတ်မှတ်ချက် ၁/၂၀၂၀ ၏ နိုင်ငံတကာ စာရင်းကိုင်စံ ၂၁ နှင့် မြန်မာနိုင်ငံစာရင်းကိုင်စံ ၂၁ တို့အရ လုပ်ငန်းဆောင်ရွက်ခြင်းမှ ရရှိသည့် နိုင်ငံခြားငွေကြေးကို လုပ်ဆောင်ချက်ပေါ်ပေါက်သည့်နေ့ရှိ ငွေလဲလှယ် နှုန်းဖြင့် တန်ဖိုးသင့်၍ လုပ်ငန်းဆောင်ရွက်သည့် ငွေကြေး (Functional Currency) အဖြစ်ဦးစွာ စာရင်းရေးသွင်းရမည်ဖြစ်သည်။ ဝင်ငွေရရှိသည့်နေ့ရှိ ငွေလဲလှယ်နှုန်းနှင့် လုပ်ဆောင်ချက် ပေါ်ပေါက်သည့်နေ့ရှိ‌ ငွေလဲလှယ်နှုန်းအကြား ကွာခြားသည့် ပမာဏကို အမြတ် သို့မဟုတ် အရှုံးအဖြစ်စာရင်းရေးသွင်းရမည်ဖြစ်သည်။ စာရင်း ပိတ်သည့်နေ့ (Balance Date) အထိ ပေးချေခြင်း မရှိသေးသောကျန်ရှိသည့် ငွေကြေး ပမာဏကို အဆိုပါ စာရင်းပိတ်သည့်နေ့ (Balance Date) ရှိငွေလဲလှယ်နှုန်းဖြင့် ပြန်လည်တန်ဖိုးသင့်ရမည် ဖြစ်သည်။ စာရင်းကိုင်စံများအရ အရှုံး/အမြတ်စာရင်းတွင် ငွေလဲလှယ်နှုန်းကြောင့် ပေါ်ပေါက်သည့်အမြတ် သို့မဟုတ် အရှုံးတို့ကို မည်သို့ပင် စာရင်းရေးသွင်းစေကာမူ မြန်မာနိုင်ငံအခွန်ဥပဒေများအရ အမှန်တကယ်ပေါ်ပေါက် ခြင်းမရှိသည့် အမြတ်နှင့် အရှုံး တို့ကို စည်းကြပ်ခွင့်/ နုတ်ပယ်ခွင့်ရှိမည် မဟုတ်ပါ။ အသေးစိတ်သိရှိလိုပါက လိုက်နာ ကျင့်သုံးရန် သတ်မှတ်ချက် ၁/၂၀၂၀ အား ပြည်တွင်းအခွန်များဦးစီးဌာန၏ website ဖြစ် သော www.ird.gov.mm ၏ policy & law ထဲတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Question

ကုမ္ပဏီများမှလုပ်ငန်းဆောင်ရွက်သည့်ငွေကြေး (Functional Currency) အဖြစ် အသုံးပြုသည့် စီးပွားရေးအနေဖြင့် ငွေလဲလှယ်နှုန်းအရပေါ်ပေါက်သည့် အရှုံးနှင့် အမြတ်ကိစ္စ အားသိရှိလို၍မေးမြန်းခြင်း

FAQ Category