အခွန်မူဝါဒဆိုင်ရာကိစ္စရပ်များအားဆွေးနွေးခြင်း

နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ Call Room တွင် ၁၅-၈-၂၀၁၈ ရက်နေ့ နံနက် ၉:၃၀ နာရီ၌ Professor Robert Conrad ၊ Matthew Hamilfon၊ ဦးအာကာဟိန်း တို့နှင့် ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်၊ အခွန်မူဝါဒနှင့်သုတေသန ဌာနခွဲ ညွှန်ကြားရေးမှူး ဦးတင်ထွေးနှင့် အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးခိုင်လျံကျင့်ထန်တို့ တွေ့ဆုံ၍ အခွန်မူဝါဒဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။