ITAS စနစ်အသုံးပြုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ ရှင်းလင်းခြင်း

နေပြည်တော် သြဂုတ်လ  ၁၇

          နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ သင်တန်းခန်းမတွင် ၁၇-၈-၂၀၁၈ ရက်နေ့ မွန်းလွဲ ၂၀:၀၀ နာရီ၌ ITAS (Integrated Tax Administration System) စနစ်အသုံးပြုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများရှင်းလင်းခြင်း အခမ်းအနားသို့ ပြည်တွင်း အခွန်များဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်ဝင်း (အခွန်ကြီးကြပ်)မှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

          အဆိုပါ အခမ်းအနားတွင် သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲ ညွှန်ကြားရေးမှူး ဦးတင်မောင်သန့်မှ ITAS (Integrated Tax Administration System) စနစ်အသုံးပြုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်တွင်းအခွန်များဦးစီးဌာနမှ အရာထမ်း/အမှုထမ်း စုစုပေါင်း (၃၅၇)ဦး တက်ရောက်လေ့လာခဲ့ပါသည်။