အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေပြုစုခြင်းနှင့်စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခြင်း

နေပြည်တော် သြဂုတ်လ ၂၈

နေပြည်တော်၊ ရုံးအမှတ် ၄၆ ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၈-၈-၂၀၁၈ ရက်နေ့ မွန်းလွဲ ၁၃:၀၀ နာရီ၌ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(Tax Reform) ဒေါ်မြမြဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(အခွန်ကြီးကြပ်) ဦးသန်းဇော်ဝင်းနှင့် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်၍ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေပြုစုခြင်းနှင့်စပ်လျဉ်း သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။