JVကုမ္ပဏီသည်မြန်မာနိုင်ငံသို့ဒီဇယ်များကို Normal Trade ဖြင့်ရန်ကုန်ဆိပ်ကမ်းသို့တင်သွင်း၍မူဆယ်မြို့မှတဆင့် Re-export စနစ်ဖြင့်တရုတ်နိုင်ငံသို့ပြန်လည်တင်ပို့ရာတွင်မည်သည့်အခွန်များကျသင့်မည်ကိုသိရှိလို၍မေးမြန်းခြင်း။

Answer

ဂျပန်နိုင်ငံသားများပါဝင်သော JVကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ဒီဇယ်များတင်သွင်းလာရာတွင် ရန်ကုန်ဆိပ်ကမ်း၌ ကြိုတင်ဝင်ငွေခွန် ၂%၊ ကုန်းပေါ်ရောက်တန်ဖိုးအပေါ် အထူးကုန်စည်ခွန် ၅% နှင့် အထူးကုန်စည်ခွန် အပါအဝင်ဖြစ်သော ကုန်းပေါ်ရောက်တန်ဖိုးအပေါ်တွင် ကုန်သွယ် လုပ်ငန်းခွန် ၅ % ပေးဆောင်ရမည်ဖြစ်ပါသည်။ အထူးကုန်စည်ဖြစ်သော ဒီဇယ်ကို Re-export စနစ်ဖြင့် မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ခြင်းအပေါ်တွင် ကြိုတင်ဝင်ငွေခွန် ၂% ကို ထပ်မံပေးဆောင်ရန်မလိုပါ။ ဒီဇယ်ကို ပြည်ပသို့ပြန်လည် တင်ပို့ ခြင်းအပေါ် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၁(ခ) အရ အထူး ကုန်စည်ခွန်မကျသင့်ပါ။ ဒီဇယ်ကို ပြည်ပသို့တင်ပို့ခြင်းအပေါ်တွင် ၂၀၁၈ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၇ (ခ) အရ ရောင်းရငွေအပေါ်တွင် ၀% ဖြင့် ကုန်သွယ်လုပ် ငန်းခွန်ကျသင့်မည်ဖြစ်ပါသည်။ ပြည်ပသို့ တင်ပို့ရောင်းချခြင်းအတွက် ကျသင့်ကုန်သွယ် လုပ်ငန်းခွန်မှ ကုန်စည်ကိုဝယ်ယူစဉ် သို့မဟုတ် ထုတ်လုပ်စဉ်က ပေးဆောင်ခဲ့ရသည့် ကုန်သွယ်လုပ်ငန်းခွန်ကို စည်းမျဉ်းများနှင့်အညီခုနှိမ်နိုင်သည်။ ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း များတွင် မည်သို့ဆိုစေကာမူ ပြည်ပပို့ကုန်များနှင့်စပ်လျဉ်း၍ ပြည်ပသို့တင်ပို့ ရောင်းချခြင်း အတွက် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်သည် ကုန်စည်ကိုဝယ်ယူစဉ် သို့မဟုတ် ထုတ်လုပ်စဉ်က ပေးဆောင်ခဲ့သည့် ကုန်သွယ်လုပ်ငန်းခွန်အောက် လျော့နည်းနေပါက ပြန်အမ်းငွေတောင်းခံ နိုင်သည်။ ဝင်ငွေခွန်မှာ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၃ (က) (၁) အရ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ အရ သက်သာခွင့်များမနုတ်မီ  ယင်းကုမ္ပဏီကရရှိသည့် စုစုပေါင်း အသားတင်အမြတ်ဝင်ငွေအပေါ် ၂၅% ဖြင့် ဝင်ငွေခွန်ထမ်းဆောင်ရမည်ဖြစ်ပါ သည်။ ကျသင့်ကြိုတင်ဝင်ငွေခွန်များကို စည်းကြပ်မှုအရကျသင့်သည့် ဝင်ငွေခွန်မှ ခုနှိမ်ပေး မည်ဖြစ်ပါသည်။

 

 

 

 

 

Question

ဂျပန်နိုင်ငံသားများပါဝင်သော အဖွဲ့တစ်ဖွဲ့မှ လာရောက်၍ မေးမြန်းသည်မှာ ၎င်းတို့၏ JVကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ဒီဇယ်များကို Normal Trade ဖြင့် ရန်ကုန်ဆိပ်ကမ်းသို့ တင်သွင်း၍ မူဆယ် မြို့မှတဆင့် Re-export စနစ်ဖြင့် တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ရာတွင် မည်သည့်အခွန်များ ကျသင့်မည်ကို သိရှိလို ၍ မေးမြန်းခြင်း။