ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုကထိုင်းနှင့် ဖက်စပ်လုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုမှ ဆေးရုံဆောက် လုပ်၍ ဆေးရုံသုံးပစ္စည်းများကို ထိုင်းနိုင်ငံမှ ဝယ်ယူတင်သွင်း လာခြင်းအပေါ် ထိုင်းနိုင်ငံတွင် အခွန်ပေးဆောင်ခဲ့ရသဖြင့် ထိုင်း-မြန်မာ အခွန်နှစ်ထပ်မကျသင့်စေရေး အတွက် DTA စာချု
Answer
ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုကထိုင်းနှင့် ဖက်စပ်လုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုမှ ဆေးရုံ ဆောက်လုပ်၍ ဆေးရုံသုံးပစ္စည်းများကို ထိုင်းနိုင်ငံမှ ဝယ်ယူတင်သွင်းလာခြင်းအပေါ် ထိုင်းနိုင်ငံ တွင် အခွန်ပေးဆောင်ခဲ့ရသဖြင့် ထိုင်း - မြန်မာ အခွန်နှစ်ထပ်မကျသင့်စေရေး အတွက် DTA စာချုပ်ပါ အခွန်ရာခိုင်နှုန်းများခံစားလိုလျှင်အောက်ပါ အချက်များကို တင်ပြရမည်ဖြစ်ပါသည်။
(က) လျှောက်ထားလိုသူ ပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီက ဆောင်ရွက်ခဲ့သည့် လုပ်ငန်းနှင့် ပတ်သက်သော ရှင်းလင်းဖော်ပြချက်နှင့် လျှောက်ထားလိုသူက မည်သည့် DTA ၏ Article အရ DTA အခွင့်အရေးခံစားလို ပါကြောင်း ကိုယ်တိုင်ရေးလျှောက်လွှာ
(ခ) ကိုယ်စားလှယ်ဖြစ်ပါက လျှောက်ထားခွင့်ရှိသူ၏ တရားဝင်ကိုယ်စား လှယ်လွှဲစာ
(ဂ) ချုပ်ဆိုထားသည့်စာချုပ်
(ဃ) လျှောက်ထားလိုသည့် ပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီသည် မည်သည့် နိုင်ငံ၏အခွန်ထမ်း ဖြစ်ကြောင်း သက်ဆိုင်ရာနိုင်ငံ အခွန်ဌာန၏ ထောက်ခံချက်
(င) ကုမ္ပဏီ၏ မှတ်ပုံတင်မိတ္တူ
အခွန်ထမ်းသည် အထက်ပါ အထောက်အထားများနှင့်အတူ သက်ဆိုင်ရာ အခွန်ဦးစီးဌာနမှူးရုံးသို့ တင်ပြ လျှောက်ထားရမည်ဖြစ်ပါသည်။
Question
ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုကထိုင်းနှင့် ဖက်စပ်လုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုမှ ဆေးရုံဆောက် လုပ်၍ ဆေးရုံသုံးပစ္စည်းများကို ထိုင်းနိုင်ငံမှ ဝယ်ယူတင်သွင်း လာခြင်းအပေါ် ထိုင်းနိုင်ငံတွင် အခွန်ပေးဆောင်ခဲ့ရသဖြင့် ထိုင်း-မြန်မာ အခွန်နှစ်ထပ်မကျသင့်စေရေး အတွက် DTA စာချုပ်ပါ အခွန်ရာခိုင်နှုန်းများ ခံစားလိုပါသဖြင့် မည်သို့လျှောက်ထားရမည်ကို သိရှိလိုသဖြင့် မေးမြန်း ခြင်း။