၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်အတွက် အခွန်အများဆုံးပေးဆောင်သည့် အခွန်ထမ်းများအနက် အထူးကုန်စည်ခွန်အများဆုံးပေးဆောင်သည့် မြန်မာကုမ္ပဏီ/လုပ်ငန်းရှင်နှင့် နိုင်ငံခြားကုမ္ပဏီ/လုပ်ငန်းရှင်စာရင်းတို့ကို ပြင်ဆင်ခြင်း

   စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်အတွက် အထူးကုန်စည်ခွန်အများဆုံးပေးဆောင်သည့် မြန်မာကုမ္ပဏီ/လုပ်ငန်းရှင်နှင့် နိုင်ငံခြားကုမ္ပဏီ/လုပ်ငန်းရှင်စာရင်းအား ၁၅-၁၀-၂၀၁၈ ရက်နေ့တွင် ပြည်တွင်းအခွန်များဦးစီးဌာန Website ဖြစ်သည့် www.irdmyanmar.gov.mm တွင်လွှင့်တင်ခြင်းဖြင့် အများပြည်သူသိရှိနိုင်ပါရန် အသိပေးကြေညာခဲ့ပါသည်။

   ထိုသို့ အသိပေးဖော်ပြရာတွင် စာရင်းပြုစုမှုစနစ် အားနည်းချက်ကြောင့် အခွန်အများဆုံး ပေးသွင်းသူစာရင်း အနည်းငယ်အပြောင်းအလဲရှိ၍ စိစစ်ပြင်ဆင်နေပါသဖြင့် မကြာခင် ပြန်လည်ထုတ်ပြန်ဖော်ပြပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။