Mytel ဆက်သွယ်ရေးကုမ္ပဏီမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တစ်ခုတွင် Tower တိုင်စိုက်ထူရန်အတွက် မြေငှားရမ်းခပေးချေငွေအပေါ်တွင် Withholding Tax ၂ % နှုတ်ယူပေးသွင်းရန် လို/မလို သိရှိလိုပါသည်။ မြေငှားရမ်းခပေးချေငွေအပေါ်တွင် တံဆိပ်ခေါင်းခွန်ကို

Answer

Mytel ကုမ္ပဏီသည် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းမဟုတ်သဖြင့် မြေငှားရမ်းခပေးချေငွေအပေါ် တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၄၇/၂၀၁၈ အရ Withholding Tax ၂ % နှုတ်ယူပေးသွင်း ရန်မလိုပါ။ မြေငှားရမ်းခပေးချေငွေအပေါ် ကျသင့်တံဆိပ်ခေါင်းခွန်ကို Tower တိုင်စိုက်ထူရန် မြေငှားသည့် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ထမ်းဆောင်ရပါမည်။

Question

Mytel ဆက်သွယ်ရေးကုမ္ပဏီမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တစ်ခုတွင် Tower တိုင်စိုက်ထူရန်အတွက် မြေငှားရမ်းခပေးချေငွေအပေါ်တွင် Withholding Tax ၂ % နှုတ်ယူပေးသွင်းရန် လို/မလို သိရှိလိုပါသည်။ မြေငှားရမ်းခပေးချေငွေအပေါ်တွင် တံဆိပ်ခေါင်းခွန်ကို မည်သည့်နေရာတွင် ထမ်းဆောင်ရမည်ကို သိရှိလိုပါသည်။