အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့မှ ကြီးမှူးသည့် Reform Planning Workshop ကျင်းပခြင်း
နေပြည်တော် မေ ၂၄
နေပြည်တော်၊ ဥတ္တရသီရိဟိုတယ်တွင် ၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်နေ့ နံနက် ၁၀:၀၀ နာရီ၌ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ ကြီးမှူးသည့် Reform Planning Workshop ကို ကျင်းပခဲ့ရာ IMF 2019 Annual Review Mission မှ Ms. Margaret Cotton, Mr. John Ryan, Mr. Stephen Vesperman, Mr. Paul Dempsey, Mr. Paul Duffus ၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံရေးရာ) ဦးကျော်ကျော်၊ ဒုတိယညွန်ကြားရေးမှူးချုပ် (ဥပဒေနှင့်မူဝါဒရေးရာ) ဦးဇေယျကြည်ညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး) ဒေါ်မြမြဦး၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။