(၁၉) ကြိမ်မြောက် ၁၀၀၀ ကျပ်တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲနှင့် ပတ်သက်၍ ကြေညာချက်
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
အောင်ဘာလေသိန်းဆုဌာနခွဲ
ကြေညာချက်
(ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ် လ ၂၈ ရက်)
၁။ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၁) ရက်နေ့တွင် ကျင်းပမည့် (၁၉) ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို “က”အက္ခရာမှ အစဉ်လိုက် “ကဃ’’ ထိ စုစုပေါင်းအက္ခရာ(၃၇)လုံး ရောင်းချခဲ့ပါသည်။
၂။ (၁၉) ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ရောင်းချရသည့် အက္ခရာမှာ (၃၇) လုံး ဖြစ်၍ ၊ ထီစာအုပ် (၃၀၂၇၂၆၆) အုပ်ဖြစ်ပြီး၊ ထီလက်မှတ်စောင်ရေမှာ (၃၃၂၉၉၉၂၆) စောင် ဖြစ်ပါသည်။
၃။ ထီလက်မှတ်များ ရောင်းချရငွေမှာ ကျပ်သန်း (၃၀၂၇၂.၆၆၀) ဖြစ်သဖြင့် ၆၀% ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ်သန်း (၁၈၁၆၃.၅၉၆) ဖြစ်ပါသည်။
၄။ အဆိုပါ ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများမှ အောက်ဖော်ပြပါဆုမဲများ ချီးမြှင့်သွားမည်ဖြစ်ပါသည်-
(က) | အထူးဆုကြီးစနစ် | |||
(၁) | ကျပ်သိန်းတစ်သောင်းငါးထောင် | = | (၁) ဆု | |
(၂) | ကျပ်သိန်းတစ်သောင်း | = | (၁) ဆု | |
(၃) | ကျပ်သိန်းငါးထောင် | = | (၂) ဆု | |
(၄) | ကျပ်သိန်းနှစ်ထောင် | = | (၄) ဆု | |
(၅) | ကျပ်သိန်းတစ်ထောင် | = | (၆) ဆု | |
(ခ) | ဆုတစ်ဆုချင်းစနစ် | |||
(၁) | ကျပ်သိန်းငါးရာ | = | (၁၅) ဆု | |
(၂) | ကျပ်သိန်းနှစ်ရာ | = | (၁၉) ဆု | |
(၃) | ကျပ်သိန်းတစ်ရာ | = | (၂၆) ဆု | |
(၄) | ကျပ်သိန်းငါးဆယ် | = | (၂၈) ဆု | |
(၅) | ကျပ်သိန်းနှစ်ဆယ် | = | (၂၈) ဆု | |
(၆) | ကျပ်ဆယ်သိန်း | = | (၃၂) ဆု | |
(ဂ) | ဝေဝေဆာဆာပဒေသာဆုမဲစနစ် | |||
(၁) | ကျပ် သုံးသိန်း | = | (၁၅၀) ဆု | |
(၂) | ကျပ် နှစ်သိန်း | = | (၁၅၀၀) ဆု | |
(၃) | ကျပ် တစ်သိန်း | = | (၁၈၀၀၀) ဆု | |
(၄) | ကျပ် ငါးသောင်း | = | (၁၉၀၀၀၀) ဆု |
၅။ ထို့ပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသော ဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း (၂၅၀) အား တစ်ဆုချင်းဆုမဲ ကျပ် ၁၀ သိန်း (၄) ဆု နှင့် ဝေဝေဆာဆာဆုမဲများဖြစ်သည့် ကျပ် ၃ သိန်း (၂၀) ဆု၊ ကျပ် ၂ သိန်း (၂၀၀) ဆု၊ ကျပ် ၁သိန်း (၂၀၀၀) ဆု စုစုပေါင်း( ၂၂၂၄) ဆု ကိုလည်းထပ်မံချီးမြှင့်ပေးမည်ဖြစ်ပါသည်။
၆။ (၁၉) ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို (၁.၉.၂၀၂၀) ရက်နေ့(အင်္ဂါနေ့)၊ နံနက် (၈:၀၀) နာရီအချိန်တွင် အမှတ် (၃၈၄) ၊ မဟာဗန္ဓုလလမ်းနှင့် (၃၇) လမ်းထောင့်၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။
PDF Upload
Attachment | Size |
---|---|
(၁၉) ကြိမ်မြောက် ၁၀၀၀ ကျပ်တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲနှင့် ပတ်သက်၍ ကြေညာချက် | 90.16 KB |