(၂၅) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီလက်မှတ် နမူနာပုံစံကြေညာခြင်း

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

ကြေညာချက်

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁ ရက်)

၁။      ၂၀၂၁ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် ထီဖွင့်ပွဲပြုလုပ်ပေးမည့် (၂၅) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီလက်မှတ်နမူနာမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

၂။      (၂၅) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် ဆုမဲများမှာ အမြင့်ဆုံးဆု ကျပ်သိန်း (၁၅၀၀၀)၊ အနိမ့်ဆုံးဆုမဲမှာ ကျပ် (၅၀၀၀၀) ဖြစ်ပါသည်။

၃။   ထို့ပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသော ဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း (၂၅၀) အားလည်း ဆုမဲများထပ်မံချီးမြှင့်ပေးမည်ဖြစ်ပါသည်။

 အောင်ဘာလေသိန်းဆုဌာနခွဲ