နည်းပညာလေ့လာသုံးသပ်ရေးကော်မတီ၏ (၁၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခြင်း

နေပြည်တော်၊ ဇူလိုင်လ ၃၁

          ပြည်တွင်းအခွန်များဦးစီးဌာန၊ နည်းပညာလေ့လာသုံးသပ်ရေးကော်မတီ (Technical Review Committee TRC) ၏ (၁၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊ ရုံးအမှတ် (၄၆) ရှိ ပြည်တွင်းအခွန်များဦးစီးဌာန အစည်းအဝေးခန်းမတွင် ၃၁-၇-၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်ပြုပြင်) က ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား) သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးသို့ နည်းပညာလေ့လာသုံးသပ်ရေးကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသော ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပြီး အခွန်ဆိုင်ရာနည်းပညာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ ပါသည်။