ပြည်တွင်းအခွန်များဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး (၂၀၀)နေရာအတွက် လျှောက်လွှာခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

လျှောက်လွှာခေါ်ယူခြင်း

ကြော်ငြာစာအမှတ်၊ /၂၀၁၉

၁၃၈၁ ခုနှစ် ဝါခေါင်လဆန်း     ရက်

( ၂၀၁၉ ခုနှစ် သြဂုတ်လ     ရက်)

၁။      စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနတွင် လစ်လပ် လျက်ရှိသည့် လစာနှုန်းကျပ် (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)ရရှိသော အောက် ဖော်ပြပါ ဒုတိယဦးစီးမှူးရာထူး (၂၀၀)နေရာအတွက် လျှောက်လွှာတင်သွင်းနိုင် ပါသည် -

                           ပညာအရည်အချင်း                                              အရေအတွက်

                      (က)   ဝါဏိဇ္ဇဗေဒဘွဲ့(B.Com)/ စီးပွားရေးလုပ်ငန်းသုံးစီမံခန့်ခွဲမှု                   ၁၀၀ ဦး

                  ပညာဘွဲ့(B.BM)/တက္ကသိုလ်တစ်ခုခုမှ (ဝိဇ္ဇာဘွဲ့/သိပ္ပံဘွဲ့)                  

     ရရှိပြီးစာရင်းကိုင်ပညာဒီပလိုမာ(DA) ရရှိပြီးသူ                                   

                      ( ခ )   စီးပွားရေးပညာဘွဲ့(စာရင်းအင်း/ဘောဂဗေဒ)                                      ၃၅ ဦး

                                B.Econ (Statistics/Economics)

                      ( ဂ )   ဥပဒေဘွဲ့ (LL.B)                                                                             ၃၀ ဦး

                      (ဃ)   ကွန်ပျူတာသိပ္ပံဘွဲ့   (B.C.Sc)/ ကွန်ပျူတာနည်းပညာဘွဲ့                      ၃၀  ဦး

                  (B.C.Tech)/သိပ္ပံဘွဲ့ (ကွန်ပျူတာသိပ္ပံ) [B.Sc(Computer Science)]/

                  အင်ဂျင်နီယာဘွဲ့ (သုတနည်းပညာ)  [B.E(IT)]/ အင်ဂျင်နီယာဘွဲ့

                  (သတင်းအချက်အလက်သိပ္ပံနှင့်နည်းပညာ) [B.E (IST)] /

                  အင်ဂျင်နီယာဘွဲ့ (ကွန်ပျူတာအင်ဂျင်နီယာ) [B.E(CE)]                          

                       ( င )  ဝိဇ္ဇာဘွဲ့(အင်္ဂလိပ်စာ) B.A(English)                                                    ၅  ဦး

                                                                        စုစုပေါင်း                             ၂၀၀  ဦး

 

၂။      လျှောက်ထားသူသည်-

(က)   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

( ခ )   ၃၁--၂၀၁၉ ရက်နေ့တွင် အသက်(၂၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည် ဖြစ်ပြီး၊ B.E ဘွဲ့ရရှိပြီးသူ၊ မဟာဘွဲ့ရရှိပြီးသူနှင့် နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၃၀)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

( ဂ )   ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်(၄၆)၊ နေပြည်တော်(ရုံးချုပ်)နှင့် အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ် ကျင့်သုံးသည့်ရုံးများတွင် အမြဲတမ်းတာဝန်ထမ်းဆောင်ရမည်။

(ဃ)   ရွေးချယ်ခန့်ထားခြင်းခံရပါက အနည်းဆုံး(၅)နှစ် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ကတိဝန်ခံချက်လက်မှတ်ရေးထိုးရမည်။

၃။      လျှောက်လွှာတွင် အောက်ပါအချက်များကိုပြည့်စုံစွာဖော်ပြရမည် -

                           (က)   လျှောက်ထားသူ၏ အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်

( ခ )  မွေးသက္ကရာဇ်

( ဂ )  ပညာအရည်အချင်း၊ အောင်မြင်ခဲ့သည့်ခုနှစ်နှင့် အောင်မြင်ခဲ့သည့် ကျောင်း/ တက္ကသိုလ်         

(ဃ)   မိဘအမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် ၎င်းတို့၏အလုပ်အကိုင်

                          ( င )   ဆက်သွယ်ရန်လိပ်စာအပြည့်အစုံနှင့် ဖုန်းနံပါတ်

                          ( စ )   အမြဲတမ်းနေရပ်လိပ်စာအပြည့်အစုံ

(ဆ)   နိုင်ငံ့ဝန်ထမ်းဖြစ်ပါက လက်ရှိရာထူး၊ လစာနှုန်းနှင့် ဌာနအမည်စသည် တို့ကို           အပြည့်အစုံဖော်ပြရမည်။

၄။      လျှောက်လွှာပုံစံအား အထက်အပိုဒ်(၃)ပါ ပုံစံအတိုင်းပြုစု၍ ပေးပို့လျှောက်ထား ရမည်။ (လျှောက်လွှာရောင်းချခြင်း/ထုတ်ပေးခြင်းမပြုပါ)

             ၅။      လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရမည် -

                          (က)   ရက်သတ္တပတ်(၂)ပတ်အတွင်း ရိုက်ကူးထားသော ( ၁'' x ၁.၂၅'' ) အရွယ်

                                   ပတ်စ်ပို့ဓါတ်ပုံ(၃)ပုံ

                         ( ခ )  အခြေခံပညာအထက်တန်းအောင်လက်မှတ်မိတ္တူ၊ ဘွဲ့လက်မှတ်မိတ္တူ

                         ( ဂ )  အလုပ်သမားမှတ်ပုံတင်မိတ္တူ

            (ဃ)   နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ

            ( င )  အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ

                         ( စ )  အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်

                                  ရေးမှူး၏ ထောက်ခံချက် (မူရင်း)

                        (ဆ)   သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံ ချက်(မူရင်း)

၆။        လျှောက်လွှာကို ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်(၄၆)၊ နေပြည်တော် (ရုံးချုပ်)သို့ လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ --၂၀၁၉ ရက်နေ့ ရုံးချိန်အတွင်းနောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည်။ သတ်မှတ်ရက်ထက်ကျော်လွန်၍ ပေးပို့လာသော၊ စည်းကမ်းနှင့်မကိုက်ညီသော လျှောက်လွှာများအား လက်ခံမည်မဟုတ်ပါ။

၇။      နိုင်ငံ့ဝန်ထမ်းဖြစ်ပါက လျှောက်လွှာအား သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်း၏ ခွင့်ပြုချက်ဖြင့်သာ --၂၀၁၉ ရက်နေ့နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည်။

၈။      စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများအား ၁၈--၂၀၁၉ ရက်(ဗုဒ္ဓဟူးနေ့)နှင့် ၁၉--၂၀၁၉ ရက်(ကြာသပတေးနေ)များတွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်(၄၆)၊ နေပြည်တော်(ရုံးချုပ်)၌ ထုတ်ပေးမည်ဖြစ်ပြီး ကာယကံရှင်ကိုယ်တိုင် မှတ်ပုံတင် မူရင်းနှင့်အတူ လာရောက်ထုတ်ယူရမည်။

၉။        ရေးဖြေစာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာနှင့်အထွေထွေ ဗဟုသုတဘာသာရပ် များဖြေဆိုရမည်ဖြစ်ပြီး မြန်မာစာနှင့် အထွေထွေဗဟုသုတ ဘာသာရပ်များအား  ၂၁--၂၀၁၉ ရက် (စနေနေ့)တွင် လည်းကောင်း၊ အင်္ဂလိပ်စာဘာသာရပ်အား        ၂၂--၂၀၁၉ ရက် (တနင်္ဂနွေနေ့)တွင် လည်းကောင်း နေပြည်တော်၌ ဖြေဆိုရမည်။ ရေးဖြေစာမေးပွဲအောင်မြင်သူများကိုသာ လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်မည် ဖြစ်ပါသည်။

၁၀။   အသေးစိတ်သိရှိလိုပါက ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်(၄၆)၊ နေပြည်တော်(ရုံးချုပ်)သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းအမှတ် ၀၆၇-၄၃၀၀၂၁၊  ၀၆၇-၄၃၀၀၂၂ သို့ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

 

ပြည်တွင်းအခွန်များဦးစီးဌာန