နိုင်ငံတော်၏လိုအပ်ချက်အရ တပ်မတော်တွင် အဆောက်အဦများဆောက်လုပ်ရန်အတွက် ရောင်းချပေးရန် ကုမ္ပဏီတစ်ခုမှ သစ်မာ၊ သစ်လုံး၊ သစ်ခွဲသားများထုတ်လုပ်ခြင်းအပေါ် အခွန်ပေးဆောင်ရခြင်း ရှိ/ မရှိနှင့် လုပ်ငန်းမှတ်ပုံတင်ရန် လိုအပ်ပါသလား။

Answer

နိုင်ငံတော်၏လိုအပ်ချက်အရ တပ်မတော်တွင် အဆောက်အဦများဆောက်လုပ်ရန်အတွက် ထုတ်လုပ်ခြင်းဖြစ်သော်လည်း တစ်ဆယ်လက်မပတ်လည်အောက် ကျွန်းနှင့် သစ်မာ၊ သစ်ခွဲ သားများကို ထုတ်လုပ်ခြင်းဖြစ်ပါက အထူးကုန်စည်ခွန်မကျသင့်ပါ။  ကုန်သွယ်လုပ်ငန်းခွန် သာကျသင့်မည်ဖြစ်ပြီး တစ်ဆယ်လက်မပတ်လည်နှင့်အထက် ကျွန်းနှင့် သစ်မာ၊ သစ်ခွဲသား များဖြစ်ပါက၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၁(က) အရ ယှဉ်တွဲပါ နှုန်းများအတိုင်း အထူးကုန်စည်ခွန်ကျသင့်မည်ဖြစ်သည်။ အထူးကုန်စည်ကို နိုင်ငံတော်အတွင်း ထုတ်လုပ်ခြင်း ၊ ပြည်ပမှတင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်းအတွက် အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၅ အရ မှတ်ပုံတင်ရာတွင် နိုင်ငံပိုင်အဖွဲ့ အစည်းများနှင့် အကျုံး ဝင်ခြင်းမရှိသော်လည်း သမဝါယမပိုင်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍများသည် မှတ်ပုံတင်ရမည်ဖြစ် သဖြင့် အဆိုပါသစ်ထုတ်လုပ်သောကုမ္ပဏီသည် မှတ်ပုံတင်ရမည်ဖြစ်ပါသည်။

Question