စီးကရက်၊ အရက်၊ ဝိုင်တို့ကို ဝယ်ယူရာတွင် အခွန်ပေးဆောင်ထားသောကုန်စည် ဟုတ်/ မဟုတ် မည်သို့သိရှိနိုင်ပါမည်နည်း။

Answer

စီးကရက်၊ အရက်၊ ဝိုင်တို့တွင် အခွန်ပေးဆောင်ပြီးသောကုန်စည်ဖြစ်ကြောင်း အထောက်အထားအဖြစ် ပြည်တွင်းအခွန်များဦးစီးဌာနမှ အထူးကုန်စည်အမျိုးအစား၊ အရွယ်အစားအလိုက် သတ်မှတ်ထားသည့် အခွန်အမှတ်တံဆိပ်များပါရှိလျှင် အထူးကုန်စည်ခွန်ပေးဆောင်ထားသော ကုန်စည်ဖြစ်ပါသည်။ အခွန်အမှတ်တံဆိပ်များကပ်နှိပ်ရန် ပျက်ကွက်လျှင်သော်လည်းကောင်း၊ ကပ်ထားသော်လည်းသတ်မှတ်ထားသည့် အခွန်အမှတ်တံဆိပ်အမျိုးအစားအလိုက် မှန်ကန်မှု မရှိလျှင်သော်လည်းကောင်း အထူးကုန်စည်ခွန်ပေးဆောင်ထားခြင်းမရှိသော ကုန်စည်အဖြစ် မှတ်ယူရမည်။

Question

စီးကရက်၊ အရက်၊ ဝိုင်တို့ကို ဝယ်ယူရာတွင် အခွန်ပေးဆောင်ထားသောကုန်စည် ဟုတ်/ မဟုတ် မည်သို့သိရှိနိုင်ပါမည်နည်း။