ပြည်တွင်းရှိကျောက်မျက်တူးဖော်ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီတစ်ခုက ကုမ္ပဏီမှတူးဖော် ရရှိသည့် ကျောက်စိမ်းအရိုင်းထည်များကို ရောင်းချရာတွင် မည်သည့်အခွန်များ ပေးဆောင်ရမည်နည်း။

Answer

ကျောက်မျက်တူးဖော်ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီသည် အထူးကုန်စည်ဖြစ်သည့် ကျောက်စိမ်းအရိုင်းထုတ်လုပ်ရောင်းချခြင်းအတွက် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန် အကောက်ဥပဒေပုဒ်မ ၁၁(က) အမှတ်စဉ် (၁၂)အရ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန် နှင့် အခြားအဖိုးတန်ကျောက်မျက်ရတနာအရိုင်းထည်များ ရောင်းရငွေအပေါ်တွင် အထူးကုန် စည်ခွန် ၂၀% ကျသင့်မည်ဖြစ်ပါသည်။ ၎င်းအပြင် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄(ခ) အရ ပြည်တွင်း၌ ထုတ်လုပ်ရောင်းချခြင်းအပေါ် အထူးကုန်စည်ခွန် အပါအဝင်ဖြစ်သော ရောင်းရငွေအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ၅ % ကျသင့်မည်ဖြစ်ပါ သည်။ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၂၁ အရ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ အရ သက်သာခွင့်များမနုတ်မီ ကျပ်ငွေဖြင့် စုစုပေါင်းရရှိသည့် အသားတင်အမြတ် ဝင်ငွေအပေါ် ၂၅% ဖြင့်ဝင်ငွေခွန် ထမ်းဆောင်ရမည်ဖြစ်ပါသည်။

Question

ပြည်တွင်းရှိကျောက်မျက်တူးဖော်ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီတစ်ခုက ကုမ္ပဏီမှတူးဖော် ရရှိသည့် ကျောက်စိမ်းအရိုင်းထည်များကို ရောင်းချရာတွင် မည်သည့်အခွန်များ ပေးဆောင်ရမည်နည်း။