ကျေက်မျက်ရတနာ ထုတ်လုပ်ရောင်းချခြင်းနှင့် ပတ်သတ်၍မည်သည့်အချိန်တွင် မှတ်ပုံတင်ရမည်နည်း။
Answer
အထူးကုန်စည်ဖြစ်သည့် ကျောက်မျက်ရတနာကို ပြည်တွင်း၌ထုတ်လုပ်သူသည် ဘဏ္ဍာရေး နှစ်အတွင်း အထူးကုန်စည်ထုတ်လုပ်ခြင်းလုပ်ငန်းကို စတင်လုပ်ကိုင်ခြင်းဖြစ်ပါက အထူးကုန်စည်ကို စတင်ထုတ်လုပ်ခြင်း မပြုမီ သုံးလကြိုတင်၍ ဝင်ငွေခွန်စည်းကြပ်ခံယူမည့် သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် မှတ်ပုံတင်ခွင့်လျှောက်ထားရမည်။ လက်ရှိဘဏ္ဍာရေးနှစ်တွင် အထူးကုန်စည်ထုတ်လုပ်ခြင်းလုပ်ငန်းကို လုပ်ကိုင် သူသည် လာမည့်ဘဏ္ဍာရေးနှစ်အတွင်း အထူးကုန်စည်ထုတ်လုပ်ခြင်းကို ဆက်လက်လုပ်ကိုင်မည်ဖြစ်ပါက ဘဏ္ဍာရေးနှစ် အစဖြစ်သည့် ဧပြီလ ၁ ရက်နေ့မတိုင်မီ သုံးလကြိုတင်၍ ဝင်ငွေခွန်စည်းကြပ်ခံယူမည့် သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် မှတ်ပုံတင်ရန် လျှောက်ထားရမည်။
Question
ကျေက်မျက်ရတနာ ထုတ်လုပ်ရောင်းချခြင်းနှင့် ပတ်သတ်၍မည်သည့်အချိန်တွင် မှတ်ပုံတင်ရမည်နည်း။
FAQ Category