နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးမှ ကနဦးအကဲဖြတ်ဆန်းစစ်သည့်အဖွဲ့နှင့် ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့တွေ့ဆုံခြင်း

   နော်ဝေနိုင်ငံအခြေစိုက် နိုင်ငံတကာ Extractive Industries Transparency Initiative - EITI အတွင်းရေးမှူးရုံးမှ ကနဦးအကဲဖြတ်သည့်အဖွဲ့သည် မြန်မာနိုင်ငံ၏ EITI လုပ်ငန်းစဉ် အကောင် အထည်ဖော်နေမှု အခြေအနေအား သိရှိနိုင်ရန်အတွက် ကနဦးအကဲဖြတ်ဆန်းစစ်ခြင်းအနေဖြင့် ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်နှင့် နေပြည်တော်၊ ရုံးအမှတ် ၄၆ ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၁၀-၈-၂၀၁၈ ရက်နေ့ နံနက် ၁၀:၃၀ နာရီ၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   အဆိုပါဆွေးနွေးပွဲသို့ ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော အဖွဲ့နှင့် နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးမှ တာဝန်ရှိသူများ၊ EITI နှင့်စပ်လျဉ်း၍ ဆောင်ရွက် နေသည့် EITI လုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများ စုစုပေါင်းအင်အား (၂၆)ဦး တက်ရောက်ခဲ့ကြပါသည်။