အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးနှင့်နည်းပညာအကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခြင်း

      ရန်ကုန်     သြဂုတ်လ    ၂၃ 

      နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ Call Room တွင် ၂၃-၈-၂၀၁၈ ရက်နေ့ နံနက် ၁၀:၀၀နာရီ၌ USOTA မှ Mr. Thomas Mc Murray JICA မှ Mr. Tetsuya Kuge USOTA မှ Ms. Claritha Nichol တို့နှင့် ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်၊ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးခိုင်လျှံကျင့်ထန်တို့ တွေ့ဆုံ၍ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးနှင့်နည်းပညာအကူအညီပေးရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။