FPT Information System မှ ကြီးမှူးကျင်းပသော Centralized Training ကျင်းပခြင်း

ရန်ကုန်     သြဂုတ်လ    ၂၃ 

       Data Center နှင့် ပတ်သက်သည့် နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်များ ကိုင်တွယ်ထိန်းသိမ်း နိုင်ရန်အတွက် FPT Information System မှ ကြီးမှူးကျင်းပသော Centralized Training ကို  နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ လေ့ကျင့်ရေးသင်တန်းခန်းမ၌ ၁၅-၈-၂၀၁၈ ရက်နေ့မှ ၃၀-၈-၂၀၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိရာ အဆိုပါ သင်တန်းသို့ စာရင်းစစ်ချုပ်ရုံး၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် ပြည်တွင်းအခွန်များဦးစီးဌာနတို့မှ သင်တန်း သား/သင်တန်းသူ (၁၂)ဦး တက်ရောက်လျှက်ရှိကြောင်း သိရှိရပါသည်။