အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (တံဆိပ်ခေါင်းခွန်)

Answer

ပြည်ထောင်စုလွှတ်တော်၏ ၂၆-၁၁-၂၀၁၉  နေ့တွင် “မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေ ကိုပြင်ဆင်သည့်ဥပဒေ” ကိုပြဋ္ဌာန်းခဲ့ပါသည်။ ထိုဥပဒေတွင် တံဆိပ်ခေါင်းခွန် လုံလောက်စွာထမ်းဆောင်မထားသော စာချုပ်စာတမ်းအပေါ် ဒဏ်ကြေးငွေ တစ်ဆယ်ဆ အစား ဒဏ်ကြေးငွေ သုံးဆ ကို ပြင်ဆင်သတ်မှတ်လိုက်ပါသည်။ သို့ဖြစ်ပါ၍ ဒဏ်ငွေ တပ်ရိုက်ရာတွင် မည်သည့်ကာလကချုပ်ဆိုသည့် စာချုပ်ပင်ဖြစ်စေ ၂၆-၁၁-၂၀၁၉ ရက်နေ့ သို့မဟုတ် ယင်းနေ့နောက်ပိုင်းတွင် သိမ်းချုပ်ခြင်း၊ ဒဏ်ငွေတပ်ရိုက်ခြင်း ပြုလျှင် ဒဏ်ငွေကို သုံးဆ သာ ပေးဆောင်စေရမည်ဖြစ်ပါသည်။

Question

တံဆိပ်ခေါင်းခွန်လုံလောက်စွာ ထမ်းဆောင်ထားခြင်းမရှိသော စာချုပ်စာတမ်းအပေါ် ဒဏ်ကြေးငွေတစ်ဆယ်ဆ အစား ဒဏ်ကြေး ငွေသုံးဆကို မည်သည့်အချိန်တွင် ပြင်ဆင် သတ်မှတ်သည်ကို သိရှိလို၍မေးမြန်းခြင်း