နည်းပညာပြန်လည်သုံးသပ်ရေးကော်မတီ၏ (၁၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခြင်း
![](/sites/default/files/19th_TRC.jpg)
နေပြည်တော်၊ ဖေဖော်ဝါရီလ ၃
ပြည်တွင်းအခွန်များဦးစီးဌာန၊ နည်းပညာပြန်လည်သုံးသပ်ရေးကော်မတီ (Technical Review Committee TRC) ၏ (၁၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊ ရုံးအမှတ် (၄၆) ရှိ ပြည်တွင်းအခွန်များဦးစီးဌာန အစည်းအဝေးခန်းမတွင် ၃-၂-၂၀၂၅ ရက်နေ့၊ နံနက် ၁၀:၃၀ ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ နည်းပညာပြန်လည်သုံးသပ်ရေးကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပြီး အခွန်ဆိုင်ရာနည်းပညာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ ပါသည်။