ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း အခွန်ကောက်ခံခြင်း တွက်ချက်မှုစနစ်ပုံစံနှင့် ပြည်ထောင်စုအခွန်အကောက်ဥပဒေအတွက် အရေးပါသော မူဝါဒဆိုင်ရာ အကြံပြုချက် ဆွေးနွေးပွဲကျင်းပခြင်း

၁။ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် ၄၆ ၊ နေပြည်တော်၌ ၃-၇-၂၀၁၈ ရက်နေ့တွင် ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း အခွန်ကောက်ခံခြင်း တွက်ချက်မှုစနစ်ပုံစံနှင့် ပြည်ထောင်စု အခွန်အကောက်ဥပဒေအတွက် အရေးပါသော မူဝါဒဆိုင်ရာ အကြံပြုချက် ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့ပါသည်

။ ၂။ အဆိုပါဆွေးနွေးပွဲသို့ Cape Town University မှ ကျွမ်းကျင်ပညာရှင် Dr. Laura နှင့် Southeast Asia Tobacco Control Alliance (SEATCA) မှ ကိုယ်စားလှယ် (၂)ဦး ၊ ပြည်သူ့ ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာသန်းစိန်နှင့် အဖွဲ့ဝင် (၁၁)ဦး၊ ပြည်တွင်းအခွန်များဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျကြည်ညွန့်နှင့် အရာထမ်း/အမှုထမ်း (၁၈)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

၃။ ဆွေးနွေးပွဲတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများအပေါ် အခွန်ကောက်ခံခြင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးအကြံပြုချက်များအကြောင်း၊ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက် ဥပဒေနှင့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများအပေါ် အခွန်ကောက်ခံခြင်းအားနည်းချက် အားသာချက်များအကြောင်း၊ အာဆီယံနိုင်ငံများ၏ ဆေးလိပ်နှင့်ဆေးရွက်ကြီးများအပေါ် အခွန် အကောက်ဆိုင်ရာ ကိစ္စရပ်များအကြောင်း၊ မြန်မာနိုင်ငံ၏ ဆေးရွက်ကြီးထွက် ပစ္စည်းဆိုင်ရာ အခွန် ကောက်ခံမှုနှင့် ပါဝင်သော အခွန်ကောက်ခံခြင်းမူဝါဒကို အထောက်အကူပြုနိုင်သည့် အခွန်ကောက်ခံမှု ပုံသဏ္ဍာန်တူ တည်ဆောက်ထားသော နည်းပညာအရ ထွက်ပေါ်လာသည့် အဖြေများ တွက်ချက်ပုံစံ စနစ်အကြောင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းများအပေါ် အခွန်အကောက်ကောက်ခံ ခြင်းနှင့် ပတ်သက်ပြီး ပြည်တွင်းအခွန်များဦးစီးဌာန၏အမြင်နှင့် မျှော်မှန်းချက်များအကြောင်း၊ မြန်မာနိုင်ငံဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများအပေါ် အခွန်ကောက်ခံခြင်းဆိုင်ရာ ပြုပြင် ပြောင်းလဲရေး အကြံပြုချက်များအကြောင်းတို့ကို တာဝန်ရှိသူအသီးသီးက ရှင်းလင်းဆွေးနွေးခဲ့ ကြပါသည်။