ပြည်တွင်းရှိကုမ္ပဏီတစ်ခုသည် ကျောက်ကပ်ဆေးသည့်စက်အား ပုဂ္ဂလိကဆေးရုံတစ်ခုသို့ ငှားရမ်းခြင်းဝန်ဆောင်မှုလုပ်ငန်းအတွက် မည်သည့်အခွန်များ ကျသင့်မည်ကိုသိရှိလိုခြင်း။

Answer

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုသည် ကျောက်ကပ်ဆေးသည့်စက်အား ပုဂ္ဂလိကဆေးရုံတစ်ခုသို့ ငှားရမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခြင်းသည် ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄ (ဃ) အရ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ဝန်ဆောင် မှု(၃၁) မျိုးတွင် မပါဝင်ပါသဖြင့် ပုဒ်မခွဲ (င) အရ ကုန်သွယ်လုပ်ငန်းခွန် ၅ % ကျသင့်မည်ဖြစ်ပါသည်။ ဝင်ငွေခွန်မှာ ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၂၃ (က) အရ စုစုပေါင်းဝင်ငွေမှ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ အရ သက်သာခွင့်များ မနုတ်ပယ်မီ စုစုပေါင်း အသားတင်အမြတ်ဝင်ငွေအပေါ်တွင် ၂၅% ဖြင့် ဝင်ငွေခွန်ပေးဆောင်ရမည် ဖြစ်ပါသည်။

Question

ပြည်တွင်းရှိကုမ္ပဏီတစ်ခုသည် ကျောက်ကပ်ဆေးသည့်စက်အား  ပုဂ္ဂလိကဆေးရုံတစ်ခုသို့ ငှားရမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်းအတွက် မည်သည့်အခွန်များ ကျသင့်မည်ကိုသိရှိလိုခြင်း။