အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ကုန်သွယ်လုပ်ငန်းခွန်)

Answer

ကုမ္ပဏီသည် ပြည်တွင်းမှဝယ်ယူသောကုန်စည်များအတွက် ကုန်စည်တန်ဖိုးနှင့်အတူ ပေးဆောင်ခဲ့ရသော ကုန်သွယ်လုပ်ငန်းခွန် ခုနှိမ်ခွင့်သတ်မှတ်ပုံစံဖြစ်သော ယခင် ပတခ(ကသခ)-၃၁ ယခု ပတခ(ကသခ)-၀၅-၀၁ ပုံစံအား အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၁၇(က) အရ ကုမ္ပဏီက လိုအပ်သည့် စာရင်းဇယားနှင့် အထောက်အထား များကို မှတ်တမ်းထားရန်နှင့်ထိန်းသိမ်းထားရန် ကုမ္ပဏီအတွင်းရေးမှူး သို့မဟုတ် ယင်းကုမ္ပဏီ၏ အခြားအရာထမ်းတစ်ဦးကို ခန့်အပ်တာဝန်ပေးရမည်ဖြစ်သောကြောင့် ကုမ္ပဏီက တာဝန်ပေးအပ်ထားသော အရာထမ်းတစ်ဦးမှ လက်မှတ်ရေးထိုးရမည် ဖြစ်ပါသည်။

 

Question

ကုမ္ပဏီသည် ပြည်တွင်းမှဝယ်ယူသောကုန်စည်များအတွက် ကုန်စည်တန်ဖိုးနှင့်အတူ ပေးဆောင်ခဲ့ရသော ကုန်သွယ်လုပ်ငန်းခွန် ခုနှိမ်ခွင့် သတ်မှတ်ပုံစံဖြစ်သော ယခင် ပတခ(ကသခ)-၃၁ ယခု ပတခ(ကသခ)-၀၅-၀၁ ပုံစံအား မည်သူကလက်မှတ်ရေးထိုး ရမည် ကို သိရှိလို၍မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ကုန်သွယ်လုပ်ငန်းခွန်)

Answer

ကုမ္ပဏီမှ ကုန်သွယ်လုပ်ငန်းခွန်ခုနှိမ်ခြင်းနှင့်စပ်လျဉ်း၍ ပြည်တွင်း၌ ပေးဆောင်ခဲ့ ရသော ကုန်သွယ်လုပ်ငန်းခွန်ကို ခုနှိမ်ခွင့်ရရန် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင် ခဲ့သော သက်သေခံလက်မှတ်ဖြစ်သော ပတခ(ကသခ)-၀၅-၀၁{ယခင် ပတခ(ကသခ)-၃၁} နှင့်အတူ ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၂၊ စည်းမျဉ်းခွဲ (ည) အရ ခုနှိမ်ပြီးကြောင်း တင်ပြလွှာ ပတခ(ကသခ)-၀၅-၀၃ ယခင် ပတခ(ကသခ)-၃၃ တို့ဖြင့် တင်ပြရမည်ဖြစ်ပါသည်။

Question

ကုမ္ပဏီမှ ကုန်သွယ်လုပ်ငန်းခွန်ခုနှိမ်ခြင်းနှင့်စပ်လျဉ်း၍ ပြည်တွင်း၌ ပေးဆောင်ခဲ့ ရသော ကုန်သွယ်လုပ်ငန်းခွန်ကို ခုနှိမ်ခွင့်ရရန် မည်သည့်အထောက်အထား တင်ပြရမည် ကို သိရှိလို၍မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ကုန်သွယ်လုပ်ငန်းခွန်)

Answer

ကုမ္ပဏီမှ အစိုးရပိုင်မြေအား နှစ်ရှည်ငှားရမ်း၍ အဆောက်အအုံဆောက်လုပ်ခြင်းမှ တိုက်ခန်းရောင်းရငွေအပေါ်တွင် ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (စ) အရ မည်သူမဆို နိုင်ငံပိုင်မြေအား နှစ်ရှည်ငှားရမ်း၍ဖြစ်စေ၊ နိုင်ငံတော်နှင့်အကျိုးတူပူးပေါင်း၍ဖြစ်စေ၊ ပုဂ္ဂလိကပိုင်မြေတွင်ဖြစ်စေ၊ မြေပိုင်ရှင်နှင့် အကျိုးတူပူးပေါင်း၍ဖြစ်စေ အခြေခံအဆောက်အအုံးအား တည်ဆောက်ပြုပြင် ရောင်းချခြင်းမှရောင်းရငွေအပေါ်တွင် သုံးရာခိုင်နှုန်း ကုန်သွယ်လုပ်ငန်းခွန် ကျသင့် မည်ဖြစ်ပါသည်။

Question

ကုမ္ပဏီမှ အစိုးရပိုင်မြေအား နှစ်ရှည်ငှားရမ်း၍ အဆောက်အအုံဆောက်လုပ်ခြင်းမှ တိုက်ခန်းရောင်းရငွေအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန်မည်မျှကျသင့်မည်ကို သိရှိလို၍ မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ကုန်သွယ်လုပ်ငန်းခွန်)

Answer

ကုမ္ပဏီမှ လုပ်ငန်းဆောင်ရွက်ရာတွင် နှစ်တစ်နှစ်အတွင်း ရောင်းရငွေကျပ်သိန်း ၅၀၀ ကျော်လွန်ခြင်းမရှိပါက ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရန်မလိုပါ။ သို့ရာတွင် အခွန် ခုနှိမ်ခံစားလိုသောကြောင့်ဖြစ်စေ၊ လုပ်ငန်းသဘောသဘာဝအရ လိုအပ်ချက်ကြောင့် ဖြစ်စေ၊ မှတ်ပုံတင်ခြင်းကို မိမိဆန္ဒအလျောက်ဆောင်ရွက်မည်ဆိုပါက ကုန်သွယ် လုပ်ငန်းခွန် ကောက်ခံပေးဆောင်ခြင်း၊ သုံးလတစ်ကြိမ် ကြေညာလွှာနှင့် နှစ်ချုပ် ကြေညာလွှာတင်သွင်းခြင်းတို့ကို ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်။

Question

ကုမ္ပဏီမှ လုပ်ငန်းများဆောင်ရွက်ခြင်းအတွက် ရောင်းရငွေကျပ်သိန်း ၅၀၀ မကျော် ပါက ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရန် လို/မလို သိရှိလို၍မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ကုန်သွယ်လုပ်ငန်းခွန်)

Answer

ကုမ္ပဏီ၏ လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသေး၍ ကုန်သွယ်လုပ်ငန်းခွန်နှင့် စပ်လျဉ်း၍ မှတ်ပုံတင်ထားခြင်း မရှိသော်လည်း ပစ္စည်းဝယ်ယူခြင်းအတွက် ပစ္စည်းတန်ဖိုးနှင့်အတူ ကုန်သွယ်လုပ်ငန်းခွန် ၅% ပေးဆောင်ခဲ့ရခြင်းအတွက် စရိတ်အဖြစ် ခုနှိမ်ခွင့်ကိုခံစားလို ပါက ပစ္စည်းရောင်းချသူတွင် ကုန်သွယ်လုပ်ငန်းခွန်မှတ်ပုံတင် ပတခ(ကသခ)-၀၁-၀၂၊ ယခင် ပတခ(ကသခ)-၂ ကို ရယူထားပြီးဖြစ်ရန် လိုအပ်မည်။ ဝယ်ယူသူမှာလည်း ရယူထားမှသာ ရောင်းချသူမှ ပစ္စည်းဝယ်ယူသူသို့ ပစ္စည်းဝယ်ယူရာတွင် ပေးဆောင်ခဲ့ ရခြင်းအတွက် ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ခဲ့ကြောင်း အထောက်အထားအဖြစ် ပတခ(ကသခ)-၀၅-၀၁ ယခင် ပတခ(ကသခ)-၃၁ ကို ထုတ်ပေးနိုင်မည်ဖြစ်ပြီး ဝယ်ယူသူမှ လက်ခံရရှိသည့် ပတခ(ကသခ)-၃၁ သို့မဟုတ် ပတခ(ကသခ)-၀၅-၀၁ ကို အထောက်အထားအဖြစ် တင်ပြ၍ စရိတ်အဖြစ်သော်လည်းကောင်း၊ အခွန် ကျသင့်ခြင်းဖြစ်ပါက အခွန်ခုနှိမ်ခွင့် သော်လည်ကောင်း ခံစားခွင့်ရရှိမည် ဖြစ်ကြောင်းနှင့် ပြည်ထောင်စု၏အခွန်အကောက် ဥပ‌ဒေ ပုဒ်မ ၁၅၊ ပုဒ်မခွဲ (ခ) ၏ ရှင်းလင်းချက် (၂) ဖော်ပြချက်မှာ ကုန်သွယ်လုပ်ငန်းခွန်တွင် မည်သို့ပင် ပြဋ္ဌာန်း ပါရှိစေကာမူ မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ စည်းကြပ်ထိုက်သည့်ရောင်းရငွေ၊ ရငွေရရှိမည့်သူ သို့မဟုတ် ကုန်သွယ်လုပ်ငန်းခွန်ခုနှိမ်ခွင့် ခံစားလိုသူ မည်သူမဆို မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ရမည်ဟု ဖော်ပြထားသဖြင့်လုပ်ငန်း မှတ်ပုံတင် လက်မှတ် လျှောက်ထားရယူထားရမည်ဖြစ်ပါသည်။

Question

ကုမ္ပဏီမှလုပ်ငန်းများလုပ်ကိုင်ခြင်းမရှိသေးသဖြင့် ကုန်သွယ်လုပ်ငန်းခွန်မှတ်ပုံတင် ထား ခြင်းမရှိပါ။ အခြားနေရာမှ ပစ္စည်းဝယ်ယူခြင်းအတွက် ပေးခဲ့ရသောကုန်သွယ် လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းအား ခုနှိမ်ခွင့်အဖြစ်ခံစားခွင့် ရှိ/မရှိ သိလို၍မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ကုန်သွယ်လုပ်ငန်းခွန်)

Answer

ကုမ္ပဏီမှ ပြည်တွင်းရှိ ဂျပန်သံရုံးဝန်ထမ်းများအား အမှတ်တရပစ္စည်းများဖြစ်သော စာအုပ်၊ သော့ချိတ် စသည့်ပစ္စည်းများရောင်းချပါက ကုန်သွယ်လုပ်ငန်းခွန်နှင့် စပ်လျဉ်း၍ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (က) တွင် ဖော်ပြထားသော ကုန်စည် (၄၆) မျိုးမှအပ ကျန်ကုန်စည်များ ဖြစ်ပါက ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်မည်ဖြစ်ပါသည်။ အမိန့်ကြော်ငြာစာအမှတ်၊ ၂၈/၂၀၁၉ အရ အဆိုပါဝန်ဆောင်မှုမပါ၍ ကုန်သွယ်လုပ်ငန်းခွန်ကျသင့်ပါသဖြင့် ပြန်အမ်းငွေလျှောက်လွှာ လျှောက်ထားစရာမလိုပါ။

Question

ကုမ္ပဏီမှ ပြည်တွင်းရှိ ဂျပန်သံရုံးဝန်ထမ်းများအား အမှတ်တရပစ္စည်းများဖြစ်သော စာအုပ်၊ သော့ချိတ် စသည် ပစ္စည်းများရောင်းချပါက ကုန်သွယ်လုပ်ငန်းခွန် ကျသင့်/မကျသင့် သိရှိလို၍မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ကုန်သွယ်လုပ်ငန်းခွန်)

Answer

ကုမ္ပဏီမှ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ‌ဆောင်ရွက်ပါက ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (ဃ) ၏ စဉ် (၂၁) တွင် “ဘဏ်နှင့် ဗဟိုဘဏ်မှခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသော ငွေရေးကြေးရေးဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်း” ဟု ဖော်ပြထားပါသဖြင့် ယင်းလုပ်ငန်းနှင့် အကျုံးဝင်ပါက ကုန်သွယ် လုပ်ငန်းခွန်မကျသင့်ပါ။ အခြားလုပ်ငန်းများဖြစ်ပါက ပြည်ထောင်စု၏အခွန်အကောက် ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (င) အရ အခြားဝန်ဆောင်မှုလုပ်ငန်းများမှ ရငွေအပေါ်တွင် ငါးရာခိုင်နှုန်းဖြင့် ကုန်သွယ် လုပ်ငန်းခွန် ကျသင့်မည်ဖြစ်ပါသည်။

Question

ကုမ္ပဏီမှ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ‌ ဆောင်ရွက်ပါက ကုန်သွယ်လုပ်ငန်းခွန် ကျသင့်/မကျသင့် သိရှိလို၍မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ကုန်သွယ်လုပ်ငန်းခွန်)

Answer

ကုမ္ပဏီမှ ပြည်ပအလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်သော ပြည်ပနိုင်ငံသို့ အလုပ်သမားများပို့ဆောင်ခြင်းဝန်ဆောင်မှုအပေါ် ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန် အကောက်ဥပ‌ဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (ဃ) ပါ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ဝန်ဆောင်မှု အမျိုးအစား (၃၄) မျိုးတွင် မပါဝင်သဖြင့် ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့် မည်ဖြစ်ပါသည်။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၅(ခ) အရ ဝန်ဆောင်မှု ဆောင်ရွက်သူသည် ဝန်ဆောင်မှုရငွေနှင့်အတူ ကုန်သွယ်လုပ်ငန်းခွန်ကို ဝန်ဆောင်မှု ရယူသူထံမှ တစ်ပါတည်းကောက်ခံ၍ ပေးသွင်းရမည်ဖြစ်ပါသည်။

Question

ကုမ္ပဏီမှ ပြည်ပအလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်သော ပြည်ပနိုင်ငံသို့ အလုပ်သမားများပို့ဆောင်ခြင်းဝန်ဆောင်မှုအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်/ မကျသင့် သိရှိလို၍မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ကုန်သွယ်လုပ်ငန်းခွန်)

Answer

မြေငှားရမ်းခြင်းဝန်ဆောင်မှုလုပ်ငန်းသည် ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက် ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (ဃ) တွင် ဖော်ပြထားသော ဝန်ဆောင်မှုလုပ်ငန်းအမျိုးအစား (၃၄) မျိုးတွင် မပါဝင်သောကြောင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ်ပါသည်။ ပြည်တွင်း၌ ဆောင်ရွက်သည့် ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် အခွန်စည်းကြပ်ထိုက်သောရငွေ ပမာဏကျော်လွန်ပါက ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (ခ) အရ ကုန်သွယ် လုပ်ငန်းခွန်မကျသင့်မီရငွေနှင့်အတူ ဝန်ဆောင်မှုကိုရယူသူ ထံမှ အခွန်ကို တစ်ပါတည်း ကောက်ခံပြီးပေးဆောင်ရမည်ဖြစ်ရာ မြေငှားရမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်းမှ ဝန်ဆောင်မှု ဆောင်ရွက်သူ (မြေပိုင်ရှင်) သည် ဝန်ဆောင်မှုကိုရယူသူ (ငှားရမ်းသူ) ထံမှ အခွန်ကို တစ်ပါတည်းကောက်ခံပြီး ပေးဆောင်ရမည်ဖြစ်ပါသည်။

Question

ကုမ္ပဏီမှ မြေငှားရမ်းခြင်းအပေါ် ကုန်သွယ်လုပ်ငန်းခွန် မည်မျှကျသင့်မည်နှင့် ကျသင့် ကုန်သွယ်လုပ်ငန်းခွန်ကို မည်သူက ပေးဆောင်ရမည်ကို သိရှိလို၍ မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ကုန်သွယ်လုပ်ငန်းခွန်)

Answer

ကုမ္ပဏီပိုင်မြေအား ရောင်းချပါက ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရန်မလိုပါ။ ဝင်ငွေခွန် ဖြစ်သော အခြေပစ္စည်းမှ မြတ်စွန်းငွေခေါင်းစဉ်ဖြင့် မြတ်စွန်းငွေရရှိလျှင် ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၇ အရ မြတ်စွန်းသည့် ကျပ်ငွေ သို့မဟုတ် နိုင်ငံခြားငွေအပေါ်တွင် ဝင်ငွေခွန်ဥပ‌ဒေ ပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု ၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၇၊ ပုဒ်မခွဲ (ခ) အရ ပုဂိ္ဂုလ်စုများ သို့မဟုတ် တစ်ဦးချင်းပုဂိ္ဂုလ်ဖြစ်ပါက မြတ်စွန်းသည့် ကျပ်ငွေ သို့မဟုတ် နိုင်ငံခြားငွေအပေါ် ၁၀% ဖြင့် ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်ပါသည်။ ဝင်ငွေခွန်နည်းဥပဒေ ၅(က) အရ အခြေပစ္စည်းကို ရောင်းချ၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း ပြုလုပ်သည့် နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဝင်ငွေကြေညာလွှာကို သက်ဆိုင်ရာအခွန်ရုံးသို့ ပေးပို့ရမည်ဖြစ်ပါသည်။

Question

ကုမ္ပဏီပိုင်မြေအား ရောင်းချခြင်းအပေါ် ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရန် လို/မလို သိရှိလို၍ မေးမြန်းခြင်း