ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိသည့် ပြည်ပနေနိုင်ငံသား၏ပြည်ပတွင်နိုင်ငံခြားငွေဖြင့်ရရှိသောလစာခေါင်းစဉ်မှ ဝင်ငွေနှင့်ပတ်သက်၍ နိုင်ငံသားတစ်ဦးသည် ပြည်ပတွင်သွားရောက် အလုပ်လုပ်ကိုင်ပြီးရရှိလာသောလစာဝင်ငွေအား ပြည်တွင်းသို့ ပြန်လည်ရောက်ရှိလာသောအချိန်တွင်ဝင်ငွေ
Answer
လစာဝင်ငွေခေါင်းစဉ်မှ ပြည်ပနေနိုင်ငံသား၏ လစာဝင်ငွေကို ၁-၁-၂၀၁၂ နေ့မှစ၍ ကင်း လွတ်ခွင့်ပေးခဲ့ပါသည်။ ထိုနေ့မတိုင်မီဖြစ်ပါက ဝင်ငွေခွန်ဥပဒေပုဒ်မ ၂၁ အရ ဆောင်ရွက်ပြီး ခွင့်ပြုချက်ရရှိပါက စည်းကြပ်မှုကို ဥပဒေနှင့်အညီ ဆောင်ရွက်ရပါမည်။ ပတခ(ဝင)-၈ သည် “ဝင်ငွေခွန်ဥပဒေပုဒ်မ ၅၃ အရ အခွန်တောင်းခံလွှာ” ဖြစ်သောကြောင့် စည်းကြပ်မှုအရ တောင်းခံသည့် ငွေသွင်းချလန်ပူးတွဲပေးပို့ရသော အခွန်တောင်းခံလွှာဖြစ်ပါသည်။ စည်း ကြပ်မှုမရှိ၍ ပတခ(ဝင)-၈ ထုတ်ပေးရန်အကြောင်းမရှိပါ။ ကင်းလွတ်ခွင့်ရကာလတွင် လစာဝင်ငွေအတွက် အထောက်အထားပြည့်စုံစွာ တင်ပြရန်သာလိုအပ်ပါသည်။ အခွန်ကင်းလွတ်ခွင့်ရရှိထားသော လစာခေါင်းစဉ်မှဝင်ငွေဖြစ်ကြောင်း ဝင်ငွေရလမ်းအထောက်အထား ပြည့်စုံမှန်ကန်မှုကိုသာ စိစစ်ဆောင်ရွက်ရပါမည်။
Question
ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိသည့် ပြည်ပနေနိုင်ငံသား၏ ပြည်ပတွင်နိုင်ငံခြားငွေဖြင့် ရရှိသော လစာခေါင်းစဉ်မှ ဝင်ငွေနှင့်ပတ်သက်၍ နိုင်ငံသားတစ်ဦးသည် ပြည်ပတွင်သွားရောက် အလုပ်လုပ်ကိုင်ပြီး ရရှိလာသော လစာဝင်ငွေအား ပြည်တွင်းသို့ ပြန်လည်ရောက်ရှိလာသော အချိန်တွင် ဝင်ငွေကြေညာလွှာတင်သွင်းပါက သက်ဆိုင်ရာမြို့နယ်အနေဖြင့် ထိုဝင်ငွေနှင့် ပတ်သက် ၍ ပတခ(ဝင)-၈ ထုတ်ပေးခြင်းရှိ/ မရှိနှင့် ကင်းလွတ်ခွင့်ရသည့်ကာလဖြစ်သော ၂၀၁၂ ခုနှစ် မှစ၍ တင်ပြလာပါက လက်ခံခြင်း ရှိ/ မရှိ သိရှိလိုပါသည်။