အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (အထွေထွေ)
Answer
အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၅၊ ပုဒ်မခွဲ (က) တွင် အခွန်ပေးဆောင်ရန် သတ်မှတ်ရက်တွင် အခွန်တစ်ရပ်ကို ပေးဆောင်ခြင်းမရှိပါက ညွှန်ကြားရေးမှူးချုပ် သည် အခွန်ထမ်းထံသို့ အခွန်ပေးဆောင်ရန်တောင်းခံသည့် အကြောင်းကြားစာကို ပေးပို့မည်ဖြစ်ပြီး အကြောင်းကြားစာလက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အခွန်ပေးဆောင်ရန် ပျက်ကွက်ပါက မပေးဆောင် သည့်အခွန်ကို မပြေကျန်ငွေအဖြစ် လည်းကောင်း၊ ယင်းအခွန်ထမ်းအား ပျက်ကွက်သူအဖြစ် လည်းကောင်း သတ်မှတ် ရမည်ဟု အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၅၊ ပုဒ်မခွဲ (ဂ) တွင် မပြေကျန်ငွေ နှင့် ပျက်ကွက်သူဆိုင်ရာ သတ်မှတ်ချက်ကို ပြဋ္ဌာန်းထားပါသည်။ သို့ဖြစ်၍ မပြေ ကျန်ငွေဆိုသည်မှာ စည်းကြပ်မှုအရကျသင့်အခွန်ကို သတ်မှတ်ကာလအတွင်း အခွန် ပေးဆောင်ရန် ပျက်ကွက်ပါက မပေးဆောင်သည့်အခွန်ကို မပြေကျန်ငွေဟု သတ်မှတ်ပါသည်။
Question
မပြေကျန်ငွေဆိုသည့် စကားရပ်အား သိရှိလို၍မေးမြန်းခြင်း