အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)
Answer
ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ ပုဒ်မခွဲ (ဂ) ပုဒ်မခွဲငယ် (၂) အရ တစ်ဦးချင်းပုဂိ္ဂုလ်အတွက် ဖြစ်လျှင် သက်သာခွင့်ပြုငွေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) အခွန်ထမ်းအတွက်အခြေခံခွင့်ပြုငွေ = ၂၀% (ခွင့်ပြုငွေကျပ် သိန်း၁၀၀
ထက် မကျော်စေရ)
(ခ) အိမ်ထောင်ဖက်အတွက်ခွင့်ပြုငွေ = ၁၀ သိန်း
(ဂ) သား/သမီး(တစ်ဦးလျှင်) = ၅ သိန်း
(ဃ) အတူနေမိဘ(တစ်ဦးလျှင်) = ၁၀ သိန်း
(င) အခွန်ထမ်းနှင့် အိမ်ထောင်ဖက်၏ အသက်အာမခံအတွက်ပေးရသောပရီမီယံ
(စ) နည်းဥပဒေများဖြင့်ပြဋ္ဌာန်းသည့် ငွေစုဆောင်းခြင်းအတွက်ပေးရသည့်ထည့်ဝင်ငွေ တို့ဖြစ်ပါသည်။
အထက်ဖော်ပြပါနှင့် ခွင့်ပြုငွေများကို ဝင်ငွေခွန်နည်းဥပဒေ ၃ ပါ ပြဋ္ဌာန်းချက်များနှင့် အညီ သက်သာခွင့်ပြုတွက်ချက်နိုင်ပါသည်။
Question
လစာဝင်ငွေခွန်တွက်ချက်ရန်အတွက် ခွင့်ပြုသော သက်သာခွင့်ပြုငွေနှင့် နှုန်းထားများ အားသိရှိလို၍မေးမြန်းခြင်း