အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

ကုမ္ပဏီမှ ဝင်ငွေကြေညာလွှာကို သတ်မှတ်ထားသည့်နေ့ရက်တွင် သို့မဟုတ် ယင်းနေ့ရက်မတိုင်မီတင်သွင်းရန် ပျက်ကွက်ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၆၇၊ ပုဒ်မခွဲ (က) အရ အောက်ဖော်ပြပါ ဒဏ်ကြေးငွေ နှစ်ရပ်အနက်မှများရာ ဒဏ်ကြေးငွေကို ပေးဆောင်ရမည်-

(၁)    ပေးဆောင်ရမည့် အခွန်ပမာဏ၏ ၅ ရာခိုင်နှုန်းအပြင် တင်သွင်းရန် သတ်မှတ်ထားသည့် နေ့ရက်မှ ညွှန်ကြားရေးမှူးချုပ်က စည်းကြပ်မှု ပြုလုပ်သည့် အချိန်ကာလအထိ ကြေညာလွှာတင်သွင်းရန် ဆက်လက် ပျက်ကွက်နေသည့် တစ်လချင်းစီအတွက် သို့မဟုတ် တစ်လ၏အစိတ်အပိုင်း အတွက် ပေးဆောင်ရမည့် အခွန်ပမာဏ၏ ၁ ရာခိုင်နှုန်း၊

(၂)    ငွေကျပ်တစ်သိန်း ဖြစ်ပါသည်။

                       ပေးဆောင်ရမည့် အခွန်အား သတ်မှတ်ရက်တွင် ပေးဆောင်ရန် ပျက်ကွက်ခဲ့ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၄၊ ပုဒ်မခွဲ (က) အရ စည်းကြပ်မှု သို့မဟုတ် ပြန်လည်စည်းကြပ်မှု ပြုလုပ်သည့်နေ့မှ ၁၄ ရက်အတွင်း သို့မဟုတ် စည်းကြပ်မှု အကြောင်းကြားစာပါ သတ်မှတ်ရက်တွင် ပေးဆောင်ရန်ရှိသည့် အခွန်အားလုံး ကိုဖြစ်စေ တစ်စိတ်တစ်ပိုင်း ကို ဖြစ်စေပေးဆောင်ရန် ပျက်ကွက်ပါက ပေးဆောင် ခြင်းမရှိသည့် အခွန်၏ ၁၀ ရာခိုင်နှုန်းနှင့်ညီမျှသည့်ပမာဏကို နောက်ကျပေးဆောင်ခြင်း အတွက် ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရပါမည်။

Question

ကုမ္ပဏီမှ ဝင်ငွေကြေညာလွှာ နောက်ကျတင်သွင်းပါက ဒဏ်ကြေးမည်မျှပေးဆောင် ရမည်နှင့် အခွန်ပေးဆောင်ရန် နောက်ကျပေးဆောင်ခဲ့ပါက ဒဏ်ကြေးငွေမည်မျှ ပေးဆောင်ရမည်ကို သိရှိလို၍ မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

ဖျက်သိမ်းမည့် ကုမ္ပဏီအနေဖြင့် ပုံသေပိုင်ပစ္စည်းများရောင်းချပါက ရရှိသောမြတ်စွန်းငွေ အတွက် အခြေပစ္စည်းမှမြတ်စွန်းငွေခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရမည်ဟု ဝင်ငွေခွန် ဥပဒေပုဒ်မ ၁၃ တွင် ပြဋ္ဌာန်းထားပါသည်။ ဝင်ငွေခွန်နည်းဥပဒေ ပုဒ်မ ၅(က) အရ အခြေပစ္စည်းတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရောင်းချခြင်းပြုလုပ်သည့် နှစ်တစ်နှစ် အတွင်း အခြေပစ္စည်း၏ တန်ဖိုးစုစုပေါင်းသည် ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန် အကောက်ဥပဒေပုဒ်မ ၂၈ အရ ကျပ်သိန်း ၁၀၀ ထက်မပိုလျှင် အခြေပစ္စည်းမှ မြတ်စွန်းငွေပေါ်ပေါက်စေကာမှု ဝင်ငွေခွန်မကျသင့်စေရပါ။ သို့သော် ဝင်ငွေကြေညာလွှာ ကို အခြေပစ္စည်းရောင်းချသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာကုမ္ပဏီက မိမိအခွန်စည်းကြပ်ခံယူသည့်ရုံးသို့ ပေးပို့ရမည်ဖြစ်ပါသည်။

Question

ဖျက်သိမ်းမည့် ကုမ္ပဏီမှ ပုံသေပိုင်ပစ္စည်းများ ရောင်းချခြင်းအတွက် ကြေညာလွှာ တင်သွင်းရန် လို/မလို သိရှိလို၍မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

မြန်မာနိုင်ငံနှင့် အခွန်နှစ်ထပ်မကျသင့်စေရေး ADTA စာချုပ်ချုပ်ဆိုထားသည့်နိုင်ငံ၏ ကုမ္ပဏီအနေဖြင့် ADTA အကျိုးခံစားလိုပါက သက်ဆိုင်ရာအခွန်ရုံးသို့ အောက်ဖော်ပြပါ အချက်များဖြစ်သည့်-

(၁)    ADTA အရ အကျိုးခံစားခွင့် လျှောက်ထားလိုသည့်ကုမ္ပဏီ၏အမည်၊

(၂)      အမြဲတမ်းလိပ်စာ၊ ဖုန်းနံပါတ်၊ လုပ်ငန်း website လိပ်စာနှင့် e-mail လိပ်စာ၊

(၃)    မြန်မာနိုင်ငံ၌ လုပ်ငန်းဆောင်ရွက်သည့်နေရာ/ ဒေသ/ လိပ်စာ၊

(၄)    ကုမ္ပဏီမှတ်ပုံတင်အမှတ်နှင့် ဖွဲ့စည်းတည်ထောင်ရာနေရာ၊

(၅)    ဒါရိုက်တာအဖွဲ့ဝင်များနှင့် အစုရှယ်ယာပိုင်ဆိုင်မှု၊

(၆)    တွဲဖက်လုပ်ကိုင်သည့်ကုမ္ပဏီ (ဖြစ်ပါက) အုပ်စုအမည်၊

(၇)    တွဲဖက်လုပ်ကိုင်သည့် ကုမ္ပဏီများ (Associates)၊

(၈)    ADTA အရ အကျိုးခံစားခွင့် လျှောက်ထားရယူသူ၏ဌာနေပုဂ္ဂိုလ်ဖြစ်ရာနိုင်ငံ အမည်၊ ရည်ညွှန်းလိုသည့် ADTA ၏ အခန်း (Article) နှင့် အကြောင်းအရင်း၊

(၉)    ဝင်ငွေခွန်ဥပဒေအရ အခွန်ကျသင့်မည့် ပေးချေငွေအမျိုးအစား၊ ကျသင့်မည့် အခွန်နှုန်းထားနှင့် အခွန်စုစုပေါင်း၊

(၁၀)  ADTA အရတောင်းဆိုသည့် အခွန်နှုန်းထားနှင့်အခွန်စုစုပေါင်း

(၁၁)  လုပ်ငန်းသဘောတူစာချုပ် (စာချုပ်အရဆောင်ရွက်ခြင်းဖြစ်ပါက)

(၁၂)  လုပ်ငန်းစတင်သည့်ရက်စွဲ

(၁၃)  လုပ်ငန်းပြီးဆုံးသည့်ရက်စွဲ

(၁၄)  လျှောက်ထားလိုသည့်ကုမ္ပဏီ၏ ပင်မလုပ်ငန်း၊

(၁၅)  မြန်မာနိုင်ငံအတွင်းဆောင်ရွက်သည့်ပင်မလုပ်ငန်း၊

(၁၆)   မြန်မာနိုင်ငံပြင်ပ သို့မဟုတ် မြန်မာနိုင်ငံအတွင်း ဆောင်ရွက်ပေးသည့်လုပ်ငန်း နှင့်ပတ်သက်သည့် အသေးစိတ်ဖော်ပြချက်၊

(၁၇)  မြန်မာနိုင်ငံအတွင်း သို့မဟုတ် မြန်မာနိုင်ငံပြင်ပမှ ရရှိသည့် ဝင်ငွေအမျိုးအစား ပမာဏ၊

(၁၈)  ငွေပေးချေမှုပုံစံ၊

(၁၉)  အကျိုးခံစားခွင့်လျှောက်ထားရယူသူ၏ သက်ဆိုင်ရာနိုင်ငံတွင် မည်သည့် ကာလအထိ အခွန်စာရင်း ရှင်းလင်းပြီးကြောင်း ဖော်ပြရန်၊

(၂၀)  သက်ဆိုင်ရာနိုင်ငံ၏ အခွန်ထမ်းဖြစ်ကြောင်း (Certificate of Residence – COR) အတည်ပြုချက်အထောက်အထားတို့ဖြင့် ပူးတွဲတင်ပြလျှောက်ထားရမည် ဖြစ်ပါသည်။

Question

ကုမ္ပဏီမှ မြန်မာနိုင်ငံနှင့် အခွန်နှစ်ထပ်မကျသင့်စေရေး ADTA စာချုပ်ချုပ် ဆိုထားသည့် နိုင်ငံ၏ကုမ္ပဏီအနေဖြင့် ADTA အကျိုးခံစားခွင့်ရရန်မည်သို့ ဆောင်ရွက်ရမည်ကို သိရှိ လို၍မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

မြန်မာနိုင်ငံနှင့် အခွန်နှစ်ထပ်မကျသင့်စေရေး စာချုပ်ချုပ်ဆိုထားသည့် နိုင်ငံများမှာ ဖော်ပြပါအတိုင်းဖြစ်ပါသည်-

(က)  အိန္ဒိယ

(ခ)    လာအို

(ဂ)    မလေးရှား

(ဃ)  ကိုရီးယား

(င)    စင်္ကာပူ

(စ)    ထိုင်း

(ဆ)  UK(United Kingdom)

(ဇ)    ဗီယက်နမ်နိုင်ငံတို့ဖြစ်ပြီး

                       မြန်မာနိုင်ငံအခွန်နှစ်ထပ်မကျသင့်စေရေး စာချုပ်ပါ အချက်အလက်များ သိရှိလိုပါက ပြည်တွင်းအခွန်များဦးစီးဌာန၏ website ဖြစ်သော www.ird.gov.mm တွင် ဝင်ရောက် ၍ Home Page >> Tax Treaties များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Question

မြန်မာနိုင်ငံနှင့် ADTA စာချုပ်ချုပ်ဆိုထားသောနိုင်ငံများအား သိရှိလို၍မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

ပြည်ပနေနိုင်ငံခြားသားသို့ပေးချေငွေဖြစ်ပါက ပေးချေငွေအားလုံးအပေါ် အမိန့်ကြော်ငြာ စာအမှတ် - ၄၇/၂၀၁၈ ပါ သတ်မှတ်ချက်များနှင့်အညီပင်ရင်းမှ နုတ်ယူပေးသွင်း ရသည့် အခွန်ကို နုတ်ယူပေးသွင်းရမည်ဖြစ်ပါသည်။ အခွန်ထမ်းများအနေဖြင့် ပြည်ပနေနိုင်ငံခြားသားသို့ ငွေပေးချေသည့်အခါ ပင်ရင်းမှနုတ်ယူပေးသွင်းရမည် ဖြစ်ပါသည်။

Question

ပြည်ပနေနိုင်ငံခြားသားသို့ ပေးချေငွေသည် အမေရိကန်ဒေါ်လာတစ်သိန်းနှင့်အထက် ဖြစ်ပါက ပင်ရင်းမှနုတ်ယူပေးသွင်းရသည့် အခွန်ပေးဆောင်ရခြင်း ရှိ/မရှိ မည်သို့ ပေးဆောင်ရမည်ကို သိရှိလို၍ မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၁၈-၆-၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၄၇/၂၀၁၈ ပါ ဇယားအမှတ်စဉ် (ခ) အရ လိုင်စင်၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်အခွင့်အရေး စသည်တို့ကို အသုံးချခွင့်ပြုသည့်အတွက် ပေးချေငွေနှင့်စပ်လျဉ်း၍ ပြည်တွင်းနေ (နိုင်ငံသား/ နိုင်ငံခြားသား) အတွက် ပေးချေငွေ အပေါ်ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် အခွန် ၁၀% ဖြတ်တောက်ပေးသွင်းရမည်ဖြစ်ပြီး ပြည်ပနေ (နိုင်ငံခြားသား) သို့ပေးချေ ပါက ပေးချေငွေအပေါ် ပင်ရင်းမှဖြတ်တောက်ပေးသွင်း သည့် အခွန် ၁၅% ဖြတ်တောက် ပေးသွင်းရမည်ဖြစ်ပါသည်။ ယင်းသို့ နုတ်ယူပေးသွင်း ရာတွင် နုတ်ယူပေးသွင်းသူ၏အမည် ဖြင့် ပေးသွင်းခြင်းမပြုဘဲ နုတ်ယူပေးသွင်းခြင်း ခံရသူ(ငွေလက်ခံရရှိသူ) ၏ အမည် သို့မဟုတ် လုပ်ငန်းအမည်ဖြင့် သက်ဆိုင်ရာ အခွန်ရုံး၏ ဘဏ်စာရင်းသို့ ပေးသွင်းရမည် ဖြစ်ပါသည်။ သို့ရာတွင် ပြည်ပနေ နိုင်ငံခြားသားသို့ ပေးချေရမည်ဆိုပါက လိုက်နာ ကျင့်သုံးရန် သတ်မှတ်ချက် ၁/၂၀၂၂ ကို (၉-၆-၂၀၂၂) ရက်စွဲဖြင့်ထုတ်ပြန်ထားပြီးဖြစ်၍ ထုတ်ပြန်ချက်နှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါသည်။

Question

ကုမ္ပဏီမှလိုင်စင်၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်အခွင့်အ‌ရေးစသည်တို့ကို အသုံးချခွင့်ပြု သည့် အတွက် ပေးချေငွေများနှင့် ပတ်သက်၍ ပင်ရင်းမှ နုတ်ယူပေးသွင်းရန် လို/မလို သိရှိလို၍ မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

တင်ဒါအောင်မြင်သူများအနေဖြင့် အစိုးရဌာနအဖွဲ့အစည်းများနှင့် သဘောတူစာချုပ် ချုပ်ဆိုရာတွင် တံဆိပ်ခေါင်းခွန်ကို မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ၏ ဇယား (၁) အမှတ်စဉ် ၅ (ဂ) အရ တန်ဖိုး အပေါ် ၁% ပေးဆောင်ရပါမည်။ သို့ရာတွင် အများဆုံး ပေးဆောင်ရမည့် တံဆိပ်ခေါင်းခွန်မှာ ကျပ် ၁၅၀,၀၀၀ ဖြစ်ပါသည်။ ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်အား တင်ဒါအောင်မြင်သူက ပေးဆောင်ရမည်ဖြစ်ပါသည်။ ဝင်ငွေခွန် နှင့်စပ်လျဉ်း၍ ပင်ရင်းမှနုတ်ယူပေးသွင်းသည့်အခွန်ကိုလည်း ငွေပေးချေသည့်အချိန်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် - ၄၇/၂၀၁၈ အရ အစိုးရဌာနအဖွဲ့အစည်းများသည် တင်ဒါစနစ်ဖြင့် နိုင်ငံတော်အတွင်း ပစ္စည်းဝယ်ယူခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်း၊ ဝန်ဆောင်မှုဆောင်ရွက်ပေးခြင်းတို့အတွက် ပေးချေငွေအပေါ် ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်တွင်းနေနိုင်ငံခြားသားသို့ ပေးချေခြင်း ဖြစ်ပါက ၂% ဖြင့်လည်းကောင်း၊ ပြည်ပနေနိုင်ငံခြားသားသို့ ပေးချေခြင်းဖြစ်ပါက ၂.၅% ဖြင့် လည်းကောင်း နုတ်ယူ၍တင်ဒါအောင်မြင်သူအမည်ဖြင့် ပေးဆောင်ရမည်ဖြစ်ပါသည်။ ၎င်းအပြင် ကုန်သွယ်လုပ်ငန်းခွန်နှင့်စပ်လျဉ်း၍ တင်ဒါအောင်မြင်သူများအနေဖြင့် နှစ်စဉ်ပြဋ္ဌာန်းသည့် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (က) ပါ ကုန်စည်များ၊ ပုဒ်မခွဲ (ဃ) ဝန်ဆောင်မှုများအတွက် တင်ဒါရရှိခြင်းဖြစ်ပါက ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရန် မလိုအပ်သော်လည်း အဆိုပါ ကုန်စည်နှင့် ဝန်ဆောင်မှုများမှအပ ကျန်ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းအတွက် တင်ဒါရရှိခြင်းဖြစ်ပါက ကုန်သွယ်လုပ်ငန်းခွန် ၅% ကို တင်ဒါအောင်မြင်သူအမည်ဖြင့် သက်ဆိုင်ရာအခွန်စည်းကြပ်မှုခံယူသည့်ရုံးတွင် ပေးဆောင်ရမည်ဖြစ်ကြောင်း‌ ဖြေကြားပါသည်။

 

Question

ပင်ရင်းမှနုတ်ယူပေးသွင်းသည့်အခွန်နှင့်စပ်လျဉ်း၍ တင်ဒါအောင်မြင်သူများအနေဖြင့် အစိုးရဌာနအဖွဲ့အစည်းများနှင့် သဘောတူစာချုပ်ချုပ်ဆိုရာတွင် မည်သည့်အခွန်များ ပေးဆောင်ရမည်ကို သိရှိလို၍မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၃ ပုဒ်မခွဲ (ဒ) အရ အခြေပစ္စည်းမှမြတ်စွန်းငွေဆိုသည်မှာ အခြေပစ္စည်းကို ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်းပြုလုပ်၍ ရရှိသောမြတ်စွန်းငွေကိုဆိုလိုသည်။ လွှဲပြောင်းခြင်းဆိုရာ၌ အမွေဆက်ခံခြင်းနှင့် အဖိုးစားနားမပါဘဲ မေတ္တာဖြင့်ပေးကမ်းခြင်း၊ လှူဒါန်းခြင်းတို့မပါဝင်စေရဟု အဓိပ္ပါယ် ဖွင့်ဆိုထားပါသည်။ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၈ အရ မည်သူမဆို နှစ်တစ်နှစ်အတွင်း အခြေပစ္စည်းဖြစ်သည့် ရွှေ့ပြောင်းနိုင်သည့် ယာဉ်၊ အစုရှယ်ယာ၊ မ-တည်ပစ္စည်းအစရှိသည်တို့နှင့် မရွှေ့ပြောင်းနိုင်သည့် အိမ်၊ မြေ၊ အဆောက်အဦး၊ မ-တည်ပစ္စည်း အစရှိသည်တို့ကို တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း ပြုလုပ်လျှင် ဘဏ္ဍာနှစ်တစ်နှစ်အတွင်း အခြေပစ္စည်း တန်ဖိုးစုစုပေါင်းသည် ကျပ်သိန်း ၁၀၀ ထက်ကျော်လွန်ပါက အခြေပစ္စည်းမှ မြတ်စွန်းငွေခေါင်းစဉ်ဖြင့် ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်သည်။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၆-က ပုဒ်မခွဲ (ခ) အရ အခြေပစ္စည်းမှ မြတ်စွန်းငွေခေါင်းစဉ်ဖြင့် အခြေပစ္စည်းကို ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း ပြုလုပ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အခြေပစ္စည်းမှမြတ်စွန်းငွေအပေါ် ကျသင့် အခွန်ကို ခန့်မှန်းတွက်ချက်ပေးသွင်းရမည် ဟုပြဋ္ဌာန်းထားပြီး ဝင်ငွေခွန် နည်းဥပဒေ ၅ နည်းဥပဒေခွဲ (က) အရအခြေပစ္စည်းမှမြတ်စွန်းငွေ ဝင်ငွေကြေညာလွှာကို အခြေပစ္စည်း ရောင်းချခြင်း၊ လဲလှယ်၊ လွှဲပြောင်းသည့် နေ့မှ ရက်ပေါင်း ၃၀ အတွင်းတင်သွင်း ရမည်ဖြစ်ပါသည်။ ထိုသို့ သတ်မှတ်ထားသည့်နေ့ရက်အတွင်း ကြေညာလွှာတင်သွင်း ရန် ပျက်ကွက်ခြင်းဖြစ်ပါက အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၆၇ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁) နှင့် (၂) အရ အောက်ပါ ဒဏ်ကြေးငွေနှစ်ရပ်အနက်မှ များရာ ဒဏ်ကြေးငွေကို ပေးဆောင်ရမည်-

(၁)    ပေးဆောင်ရမည့် အခွန်ပမာဏ၏ ၅ ရာခိုင်နှုန်း အပြင် တင်သွင်းရန် သတ်မှတ် ထားသည့်နေ့ရက်မှ ညွှန်ကြားရေးမှူးချုပ်က စည်းကြပ်မှုပြုလုပ် သည့် အချိန်ကာလအထိ ကြေညာလွှာတင်သွင်းရန် ဆက်လက်ပျက်ကွက် နေသည့် တစ်လချင်းစီအတွက်  သို့မဟုတ် တစ်လ၏အစိတ်အပိုင်းအတွက် ပေးဆောင်ရမည့် အခွန်ပမာဏ၏ ၁ ရာခိုင်နှုန်း၊

(၂)    ကျပ်တစ်သိန်း၊

                       သတ်မှတ်နေ့ရက်အတွင်း အခွန်ပေးဆောင်ရန် ပျက်ကွက်ခြင်းအတွက် အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပ‌ဒေ ပုဒ်မ ၇၄ ပုဒ်မခွဲ (ခ) အရ မည်သူမဆို အခွန်ဥပဒေတစ်ရပ်ရပ်နှင့်အညီ အရစ်ကျပေးဆောင်ရမည့် အခွန်အားလုံးကိုဖြစ်စေ၊ ယင်း၏အစိတ်အပိုင်းကိုဖြစ်စေ အဆိုပါအရစ်အတွက် ပေးဆောင်ရန် သတ်မှတ်ရက်အတွင်းပေးဆောင်ရန်ပျက်ကွက် ပါက ပေးဆောင်ခြင်းမရှိသေးသည့်အခွန်၏ ၁၀ ရာခိုင်နှုန်းနှင့် ညီမျှသည့်ပမာဏကို နောက်ကျပေးသွင်းမှုအတွက် ဒဏ်ကြေးငွေအဖြစ်ပေးဆောင်ရမည်။ ထို့အပြင် အခွန်ထမ်း ကိုယ်တိုင်အခွန်စည်းကြပ်မှုခံယူသည့် အခွန်ထမ်းဖြစ်ပါက အခြေပစ္စည်း ရောင်းချခြင်း၊ လဲလှယ်၊ လွှဲပြောင်းခြင်း အားလုံးအတွက်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးပြီး (၃) လ အတွင်း စုပေါင်းတင်သွင်းသည့် အခြေပစ္စည်းမှမြတ်စွန်းငွေ ဝင်ငွေကြေညာလွှာ ကိုလည်း တင်သွင်းရမည်ဖြစ်ပါသည်။

Question

အခြေပစ္စည်းမှမြတ်စွန်းငွေအကြောင်းသိရှိလို၍မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

ကုမ္ပဏီအနေဖြင့် ပင်ရင်းမှနုတ်ယူပေးသွင်းသည့် အခွန်အား နုတ်ယူပေးသွင်းသည့် နေ့မှ ၁၅ ရက်အတွင်း သက်ဆိုင်ရာအခွန်ရုံး၏ ဘဏ်စာရင်းသို့ ပေးသွင်းရမည်ဖြစ်ပြီး မိမိအမည်ဖြင့်ပေးသွင်းခြင်း မပြုဘဲနုတ်ယူခြင်းခံရသူ၏ အမည် သို့မဟုတ် လုပ်ငန်း အမည်ဖြင့် ပေးသွင်းရမည်။ ဤကဲ့သို့ နုတ်ယူခြင်းမရှိဘဲ ပေးသွင်းရန်ပျက်ကွက်ခဲ့ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေ ပုဒ်မ (၇၄) ပုဒ်မခွဲ (ဂ) အရ ပင်ရင်းမှနုတ်ယူ ပေးသွင်းရန် သတ်မှတ်ခံထားရသူတစ်ဦးဦးသည် လုံလောက်သောအကြောင်းမရှိဘဲ အခွန်ကို နုတ်ယူပေးသွင်းခြင်းမပြုလျှင် ပျက်ကွက်သူအဖြစ်မှတ်ယူခြင်းခံရမည် ဖြစ်ပြီး နုတ်ယူခြင်းမပြုသည့် အခွန်အားပေးဆောင်ရန် တာဝန်ရှိစေမည်ဖြစ်ပါသည်။ ထို့အပြင် နုတ်ယူထားသော်လည်း သတ်မှတ်ထားသည့်ရက်အတွင်း ပေးဆောင်ရန် ပျက်ကွက်ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ (၇၄) ပုဒ်မခွဲ (ဃ) အရ ထိုသို့ ပေးဆောင်ရန် ပျက်ကွက်သောပမာဏ၏ ၁၀ ရာခိုင်နှုန်းကို နောက်ကျပေးဆောင် ခြင်းအတွက် ဒဏ်ကြေးငွေပေးဆောင်ရမည် ဖြစ်ပါသည်။

Question

ကုမ္ပဏီအနေဖြင့် ပင်ရင်းမှနုတ်ယူပေးသွင်းသည့် အခွန်အား နုတ်ယူပေးသွင်းရန် ပျက်ကွက်ခဲ့ပါက ဒဏ်ကြေးမည်မျှပေးဆောင်ရမည်ကို သိရှိလို၍မေးမြန်းခြင်း

အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

ကုမ္ပဏီမှ အစုရှယ်ယာထည့်ဝင်ငွေများအပေါ် အစုရှယ်ယာထည့်ဝင်သူ၏ အိမ်ထောင်စု စာရင်းတည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ပြီး ဝင်ငွေခွန်ပေးဆောင်ရန်အတွက် ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၅၊ ပုဒ်မခွဲ (က) တွင် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ စည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေအပေါ် တွင် ၃၀% ဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်။ သို့ရာတွင် ကိုဗစ်-၁၉ (COVID – 19) ကပ်ရောဂါကြောင့် နှောင့်နှေးလျက်ရှိသည့် စီးပွားရေးလုပ်ငန်းများနှင့်ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်တိုးတက်မှုရှိလာစေရေး အားပေးမြှင့်တင်ရန်အလို့ငှာ နိုင်ငံသားမည်သူမဆို အခြေပစ္စည်းတစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်း အသစ်တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ခြင်းတို့အတွက် အသုံးပြုသည့် ဝင်ငွေမှ ဝင်ငွေရလမ်းတင်ပြနိုင်သည့်ဝင်ငွေရှိပါက ယင်းဝင်ငွေအား နုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေအပေါ်တွင်လည်းကောင်း၊ ဝင်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိ ပါက အသုံးပြုသည့်ဝင်ငွေအပေါ်တွင်လည်းကောင်း အောက်ဖော်ပြပါ နှုန်းထားအတိုင်း ဝင်ငွေခွန်စည်းကြပ်ရမည်-

စဉ်

ဝင်ငွေခွန်စည်းကြပ်ရန် ဝင်ငွေအလွှာ

စည်းကြပ်ရန် ဝင်ငွေခွန်နှုန်း

မှ

ထိ

ကျပ်

ကျပ်

၃၀၀,၀၀၀,၀၀၀

၃ ရာခိုင်နှုန်း

၃၀၀,၀၀၀,၀၀၁

၆၀၀,၀၀၀,၀၀၀

၅ ရာခိုင်နှုန်း

၆၀၀,၀၀၀,၀၀၁

၁,၀၀၀,၀၀၀,၀၀၀

၁၀ ရာခိုင်နှုန်း

၁,၀၀၀,၀၀၀,၀၀၁

၃,၀၀၀,၀၀၀,၀၀၀

၁၅ ရာခိုင်နှုန်း

၃,၀၀၀,၀၀၀,၀၀၁နှင့်အထက်

၃၀ ရာခိုင်နှုန်း

                       ဖြစ်ပါသည်။

Question

ကုမ္ပဏီမှ အစုရှယ်ယာထည့်ဝင်ငွေများအပေါ် မည်သည့်ရုံးတွင် အခွန်ဆောင်ရမည် နှင့် ပေးဆောင်ရမည့်နှုန်းထားများအား သိရှိလို၍မေးမြန်းခြင်း