အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)
Answer
၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပေဒ ပုဒ်မ ၃၀ တွင် ဖော်ပြထား သည်မှာ အခြေပစ္စည်းမှမြတ်စွန်းငွေခေါင်းစဉ်မှအပ ကျန်ဝင်ငွေခေါင်းစဉ်များအတွက် နိုင်ငံခြားငွေ ဖြင့် ဝင်ငွေရရှိလျှင် ယင်းဝင်ငွေအပေါ် ဝင်ငွေခွန်စည်းမျဉ်းများ စည်းမျဉ်း ၈ ပါ ပြဋ္ဌာန်း ချက်နှင့်အညီ တွက်ချက်၍ ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်တွင်းနေ နိုင်ငံခြားသားဖြစ်ပါ က ကျပ်ငွေဖြင့်လည်းကောင်း၊ ပြည်ပနေနိုင်ငံခြားသားဖြစ်ပါက ရရှိသည့်ငွေကြေးအမျိုး အစားဖြင့်လည်းကောင်း ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်ပါသည်။
Question
ကုမ္ပဏီရှိ ဝန်ထမ်းများနှင့်ပတ်သက်၍ ပြည်တွင်းနေနိုင်ငံခြားသားနှင့် ပြည်ပနေ နိုင်ငံခြားသားတို့၏ လစာဝင်ငွေခွန်ကို မည်သည့်ငွေကြေးအမျိုးအစားဖြင့် အခွန် ပေးဆောင်ရမည်ကို သိရှိလို၍မေးမြန်းခြင်း
FAQ Category