အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၄ အရ ပြည်ပနေနိုင်ငံခြားသား ၏လစာဝင်ငွေရရှိမှုအပေါ် မြန်မာနိုင်ငံ၌ လစာဝင်ငွေခွန်ပေးဆောင်ရန် တွက်ချက်ရာ တွင် ပြည်ပနေနိုင်ငံခြားသားဖြစ်လျှင် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာ ခွင့်များ နုတ်ပယ်ခြင်းမပြုရ။ ယင်း၏ စုစုပေါင်းဝင်ငွေအပေါ် လစာခေါင်းစဉ်မှ ဝင်ငွေ ဖြစ်ပါက ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ) ပါ အခွန် နှုန်းများအတိုင်း ဝင်ငွေခွန်စည်းကြပ်ရမည်ဟု ပြဋ္ဌာန်းထားပါသဖြင့် လူမှုဖူလုံရေး ရန်ပုံငွေနှင့် အသက်အာမခံတို့သည် သက်သာခွင့်ပြုငွေများဖြစ်၍ နုတ်ယူခွင့်မပြုပါ။

Question

ပြည်ပနေနိုင်ငံခြားသား၏ လစာဝင်ငွေရရှိမှုအပေါ် မြန်မာနိုင်ငံ၌ လစာဝင်ငွေခွန် ပေးဆောင်ရန် တွက်ချက်မှုတွင် လူမှုဖူလုံရေးရန်ပုံငွေနှင့် အသက်အာမခံတို့ကို နုတ်ယူ ခွင့်ပြု/မပြုသိရှိလို၍မေးမြန်းခြင်း