အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)
Answer
ကုမ္ပဏီမှ ပြည်တွင်းသို့ အလုပ်လာရောက်လုပ်ကိုင်သော နိုင်ငံခြားသား၏ လစာ ဝင်ငွေခွန်မှာ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၃ ပုဒ်မခွဲ (ဋ) ပုဒ်မခွဲငယ် (၁) အရ တစ်ဦးချင်း ပုဂိ္ဂုလ်သည် ဝင်ငွေနှစ်အတွင်း မြန်မာနိုင်ငံ၌ရက်ပေါင်း ၁၈၃ ရက်ထက်မနည်း နေထိုင်သောနိုင်ငံခြားသားဖြစ်ပါက ပြည်တွင်းနေနိုင်ငံသားများ၏ လစာဝင်ငွေခွန် တွက်ချက်သည့် နည်းတူအခြေခံသက်သာခွင့် ၂၀% ကိုလည်းသက်သာခွင့်ပြုငွေ အဖြစ် ခံစားခွင့်ပြုမည်ဖြစ်ပါသည်။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၃ ပုဒ်မခွဲ (ဌ) အရ ပြည်ပနေနိုင်ငံခြားသား ဖြစ်ပါက ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက် ဥပဒေ ပုဒ်မ ၂၄ တွင် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ ယင်း၏စုစုပေါင်း ဝင်ငွေအပေါ် လစာခေါင်းစဉ်မှဝင်ငွေဖြစ်ပါက ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ) ပါ အခွန်နှုန်းများအတိုင်း ဝင်ငွေခွန်စည်းကြပ် ရမည်ဖြစ်ပါသည်။
Question
ကုမ္ပဏီမှ ပြည်တွင်းသို့ အလုပ်လာရောက်လုပ်ကိုင်သော နိုင်ငံခြားသား၏ လစာ ဝင်ငွေခွန် တွက်ချက်ရာတွင် အခြေခံသက်သာခွင့် ၂၀% အား သက်သာခွင့်ပြု/မပြု သိရှိလို၍ မေးမြန်းခြင်း