အခွန်ဆိုင်ရာအမေးအဖြေများ အတွဲ (၁၁) (ဝင်ငွေခွန်)

Answer

ဖျက်သိမ်းမည့် ကုမ္ပဏီအနေဖြင့် ပုံသေပိုင်ပစ္စည်းများရောင်းချပါက ရရှိသောမြတ်စွန်းငွေ အတွက် အခြေပစ္စည်းမှမြတ်စွန်းငွေခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရမည်ဟု ဝင်ငွေခွန် ဥပဒေပုဒ်မ ၁၃ တွင် ပြဋ္ဌာန်းထားပါသည်။ ဝင်ငွေခွန်နည်းဥပဒေ ပုဒ်မ ၅(က) အရ အခြေပစ္စည်းတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရောင်းချခြင်းပြုလုပ်သည့် နှစ်တစ်နှစ် အတွင်း အခြေပစ္စည်း၏ တန်ဖိုးစုစုပေါင်းသည် ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏အခွန် အကောက်ဥပဒေပုဒ်မ ၂၈ အရ ကျပ်သိန်း ၁၀၀ ထက်မပိုလျှင် အခြေပစ္စည်းမှ မြတ်စွန်းငွေပေါ်ပေါက်စေကာမှု ဝင်ငွေခွန်မကျသင့်စေရပါ။ သို့သော် ဝင်ငွေကြေညာလွှာ ကို အခြေပစ္စည်းရောင်းချသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာကုမ္ပဏီက မိမိအခွန်စည်းကြပ်ခံယူသည့်ရုံးသို့ ပေးပို့ရမည်ဖြစ်ပါသည်။

Question

ဖျက်သိမ်းမည့် ကုမ္ပဏီမှ ပုံသေပိုင်ပစ္စည်းများ ရောင်းချခြင်းအတွက် ကြေညာလွှာ တင်သွင်းရန် လို/မလို သိရှိလို၍မေးမြန်းခြင်း