Delta Electronics (Myanmar) Co., Ltd သည် Choke, Filter, SMD Inductor, Transformer စသည့်ပစ္စည်းများထုတ်လုပ်ရာတွင် မူရင်းထိုင်းနိုင်ငံရှိ Delta Electronics (Thailand) PCL တွင် တာဝန်ထမ်းဆောင်နေသော ကျွမ်းကျင်ဝန်ထမ်းမှ မြန်မာလုပ်သား များအား နည်းပညာပိုင်းဆိ

Answer

ဝင်ငွေခွန် ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (ဋ) အရ “ပြည်တွင်းနေနိုင်ငံခြားသားနှင့် စပ်လျဉ်း၍ ပုဒ်မခွဲငယ်(၁)တွင်တစ်ဦးချင်းပုဂ္ဂိုလ်ဖြစ်ပါက ဝင်ငွေနှစ်အတွင်း မြန်မာနိုင်ငံ၌ရက်ပေါင်း (၁၈၃) ရက်ထက်မနည်း နေထိုင်သောနိုင်ငံခြားသား”ဟု ပြဋ္ဌာန်းပါရှိပါသည်။ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံ တို့အကြား အခွန်နှစ်ထပ်ကျသင့်မှုရှောင်ရှားရေးသဘောတူစာချုပ်ပါ အပိုဒ် ၁၄ အရ Delta Electronics (Thailand) PCL မှ ဝန်ထမ်းများ၏ အခကြေးငွေသည် အမေရိကန် ဒေါ်လာ (၇၀၀၀)ထက်ကျော်လွန်ရရှိခဲ့ခြင်း၊ ယင်းအခကြေးငွေအား မြန်မာနိုင်ငံရှိ အမြဲတမ်းလုပ်ငန်း တည်ရှိရာဌာနက ကျခံပေးခြင်း၊ မြန်မာနိုင်ငံအတွင်း ရက်ပေါင်း(၁၈၃) ရက်ထက် ကျော်လွန်နေထိုင်ခြင်းတို့ဖြစ်ပါက မြန်မာနိုင်ငံအတွင်း ဝင်ငွေခွန်ထမ်းဆောင်ရန် လိုအပ်မည်ဖြစ်ပါသည်။

Question

Delta Electronics (Myanmar) Co., Ltd သည် Choke, Filter, SMD Inductor, Transformer စသည့်ပစ္စည်းများထုတ်လုပ်ရာတွင် မူရင်းထိုင်းနိုင်ငံရှိ Delta Electronics (Thailand) PCL တွင် တာဝန်ထမ်းဆောင်နေသော ကျွမ်းကျင်ဝန်ထမ်းမှ မြန်မာလုပ်သား များအား နည်းပညာပိုင်းဆိုင်ရာ လာရောက်သင်ကြားပေးလျက်ရှိရာအဆိုပါဝန်ထမ်းများ၏  လစာနှင့်အထွေထွေအသုံးစရိတ်များကို Delta Electronics (Thailand) PCL ကျခံ သုံးစွဲပြီး Delta Electronics (Myanmar) Co.,Ltd အနေဖြင့် မည်သည့်အသုံးစရိတ်ကို မျှကျခံသုံးစွဲပေးခြင်းမရှိဘဲ အဆိုပါဝန်ထမ်းများသည် လက်ရှိဝင်ငွေရရှိလျက်ရှိသော ထိုင်း နိုင်ငံတွင် ဝင်ငွေခွန်ပေးဆောင်လျက်ရှိသဖြင့် မြန်မာနိုင်ငံတွင် ရက်ပေါင်း (၁၈၃) နှင့် အထက် နေထိုင်ပါက ဝင်ငွေခွန်ပေးဆောင်ရခြင်း ရှိ/ မရှိ မေးမြန်းခြင်း။