ကုန်သွယ်လုပ်ငန်းခွန်
Answer
မြေကွက်ငှားရမ်းခြင်းသည် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄ (ဃ) အရ ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ဝန်ဆောင်မှုအမျိုးအစား (၃၀) တွင် ပါဝင်ခြင်းမရှိသဖြင့် ကုန်သွယ်လုပ်ငန်းခွန် ၅ % ကျသင့်မည်ဖြစ်ပြီး အငှားရယူသူထံမှ ငှားရမ်းခအပြင် ကုန်သွယ်လုပ်ငန်းခွန် ၅ % ထည့်ပေါင်းတောင်းခံ၍ သက်ဆိုင်ရာ အခွန် ရုံးသို့ ပေးသွင်းပေးရပါမည်။ နှစ်(၃၀)ငှားရမ်းခရငွေကို တစ်ကြိမ်တည်းရရှိခြင်းဖြစ်သဖြင့် ဝင်ငွေနှစ်အတွင်းရရှိသည့် စုစုပေါင်းဝင်ငွေအဖြစ် သတ်မှတ်၍ ပုဒ်မ ၆ အရ သက်သာခွင့် များနုတ်ပယ်ပြီး ကျန်ငွေအပေါ် ၁၀ % ဖြင့် ဝင်ငွေခွန် ကျသင့်မည်ဖြစ်ပါသည်။ နှစ် (၃၀) ငှားရမ်းခြင်းအပေါ် မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေ နောက်ဆက်တွဲဇယားအမှတ် စဉ် (၃၅) (က) (၃) အရ သတ်မှတ်ထားသည့် ပျမ်းမျှရရန်ရှိသော ငှားရမ်းခသင့်ငွေပမာဏ သို့မဟုတ် တန်ဖိုးအတွက် တံဆိပ်ခေါင်းခွန် မှာ ထိုငွေပမာဏ သို့မဟုတ် တန်ဖိုးအပေါ် ၂ % ထမ်းဆောင်ရမည်ဖြစ်ပါသည်။
Question
၄။ မိမိပိုင်မြေကွက်အား နှစ် ၃၀ စာ ငှားရမ်းမည်ဖြစ်ပြီး ငှားရမ်းခငွေကို စာချုပ်ချုပ်သည့်နေ့ တွင် တစ်လုံးတစ်ခဲတည်း ပေးချေမည့်ကိစ္စ၌ မည်သည့်အခွန်များ ကျသင့်မည်ကို သိရှိလို ခြင်း။