ကုမ္ပဏီတစ်ခုမှ ပြည်ပလေကြောင်းခရီးသည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းနှင့် ပြည်တွင်း ခရီးသည်ပို့ဆောင်ရေး၀န်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ခြင်းတို့အတွက် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရခြင်း ရှိ/မရှိ သိရှိလို၍ မေးမြန်းခြင်း။

Answer

ပြည်ပလေကြောင်းခရီးသည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းသည် ၂၀၁၆ ခုနှစ်ပြည်ထောင်စု ၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၄ ( ဃ ) ၊ အမှတ်စဉ် ( ၂၁ ) အရ အခွန်မကျသင့်သည့် ဝန်ဆောင်မှု ၂၉ မျိုးတွင် ပါဝင်သဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်းမရှိပါ။ ပြည်တွင်း ခရီးသည်ပို့ဆောင်ရေး၀န်​ဆောင်မှုလုပ်ငန်းသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန် အကောက်ဥပဒေပုဒ်မ ၁၄(စ)အရ ခရီးသည်ပို့ဆောင်ခရငွေအပေါ်တွင်ကုန်သွယ်လုပ်ငန်းခွန် ၃ % ကျသင့်မည်ဖြစ်ပါသည်။

Question