ပြည်တွင်းရှိကုမ္ပဏီတစ်ခုမှ ပြည်ပမှ တယ်လီဖုန်းများတင်သွင်း၍ Ooredoo ကုမ္ပဏီ သို့ ပြန်လည် ရောင်းချမည်ဖြစ်သဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း ရှိ/မရှိနှင့် ပြည်ပမှ တင်သွင်းစဉ် ပေးဆောင်ခဲ့ရသည့် ကုန်သွယ်လုပ်ငန်းခွန်အားခုနှိမ်ခွင့် ရှိ/မရှိ သိရှိလို၍ မေးမြန
Answer
ပြည်ပမှတယ်လီဖုန်းများတင်သွင်းပါက တင်သွင်းစဉ် ကုန်းပေါ်ရောက်တန်ဖိုးအပေါ်တွင် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၄(ခ)အရ ကုန်သွယ်လုပ်ငန်းခွန် ၅% ကို ကြိုတင်ခွန် အဖြစ် ပေးသွင်းထားရမည်ဖြစ်ပြီး ပြန်လည်ရောင်းချပါက ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန် အကောက်ဥပဒေပုဒ်မ ၁၄(ဂ) အရ ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်မည်ဖြစ်ပါသည်။ ကျသင့်အခွန်၌ တင်သွင်းစဉ်ပေးဆောင်ခဲ့ရသော ကုန်သွယ်လုပ်ငန်းခွန် အား ခုနှိမ်ခွင့်ရရှိနိုင်ရန် သက်ဆိုင်ရာအခွန်ရုံးတွင် ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၂ အရ ခုနှိမ်ရန်အတွက် ကုန်သွယ်မှုဆောင်ရွက်သူအား မှတ်ပုံတင်ခွင့်ပြုကြောင်းထုတ်ပေးသည့် သက်သေခံလက်မှတ် ပုံစံ ပတခ ( ကသခ ) - ၂၊ ပြည်ပမှ တင်သွင်းခြင်းသက်သေခံ လက်မှတ် ပုံစံ ပတခ(ကသခ)-၃၂ နှင့် ပြည်ပမှတင်သွင်းစဉ် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ခဲ့မှုနှင့် ခုနှိမ်မှုစာရင်း ပုံစံ ပတခ(ကသခ)-၃၃ တို့ကို နှစ်စောင်ပြုစုလျက်မူရင်းအား လက်ခံအဖြစ် ထားရှိကာ မူရင်းခွဲအားရောင်းချသည့် ကုမ္ပဏီနှင့် သက်ဆိုင်သည့်အခွန်ဦးစီးဌာနမှူးထံ တင်ပြ ရမည်ဖြစ်ပါသည်။
Question
ပြည်တွင်းရှိကုမ္ပဏီတစ်ခုမှ ပြည်ပမှ တယ်လီဖုန်းများတင်သွင်း၍ Ooredoo ကုမ္ပဏီ သို့ ပြန်လည် ရောင်းချမည်ဖြစ်သဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ခြင်း ရှိ/မရှိနှင့် ပြည်ပမှ တင်သွင်းစဉ် ပေးဆောင်ခဲ့ရသည့် ကုန်သွယ်လုပ်ငန်းခွန်အားခုနှိမ်ခွင့် ရှိ/မရှိ သိရှိလို၍ မေးမြန်းခြင်း။