Myanmar Land & Development Limited သည် Myanmar Wanbao Mining Copper Ltd. ထံမှ ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် ကျောက်ကွင်းယာယီခြံစည်းရိုးဘေး မြေသားတမံဘောင် ဆောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် စာချုပ်ချုပ်ဆိုပြီး ကန်ထရိုက်လုပ်ဆောင်ခဲ့ခြင်းအပေါ်
Answer
ကုမ္ပဏီမှ တင်ပြသော ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် ကျောက်ကွင်းယာယီခြံစည်းရိုး ဘေး မြေသားတမံဘောင် ဆောက်လုပ်ခြင်းလုပ်ငန်းသည် ၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၁ (စ) အရ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ဝန်ဆောင်မှုလုပ်ငန်း (၂၆)မျိုးတွင် မပါဝင်ပါသဖြင့် ပုဒ်မ ၁၁ (စ) အရ ကုန်သွယ် လုပ်ငန်းခွန် ၅ % ကျသင့်မည်ဖြစ်ပါသည်။
Question
Myanmar Land & Development Limited သည် Myanmar Wanbao Mining Copper Ltd. ထံမှ ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် ကျောက်ကွင်းယာယီခြံစည်းရိုးဘေး မြေသားတမံဘောင် ဆောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် စာချုပ်ချုပ်ဆိုပြီး ကန်ထရိုက်လုပ်ဆောင်ခဲ့ခြင်းအပေါ် ကုန်သွယ်လုပ်ငန်းခွန် ၅ % ကင်းလွတ်ခွင့် ရှိ/ မရှိ မေးမြန်းခြင်း။
FAQ Category