ပြည်တွင်း၌ ဖွင့်လှစ်ဆောင်ရွက်သည့် ရုံးခွဲတရုတ်ကုမ္ပဏီမှာ ရုံးချူပ်ကုမ္ပဏီပင် ဖြစ်ပါသဖြင့် တရုတ်နိုင်ငံသို့ အတိုးနှုန်းပေးငွေအပေါ် ပင်ရင်းမှနုတ်ယူပေးသွင်းခွန် WHT ၁၅% နုတ်ယူရခြင်း ရှိ/ မရှိ သိရှိလို၍ မေးမြန်းခြင်း

Answer

တရုတ်နိုင်ငံ၌ ရုံးချုပ်တည်ရှိပြီး ပြည်တွင်း၌ တရုတ်ရုံးခွဲကုမ္ပဏီ လာရောက် ဖွင့်လှစ်လုပ်ကိုင်ကြသည့် ကုမ္ပဏီအနေဖြင့် ပြည်တွင်းတရုတ်နိုင်ငံခြားကုမ္ပဏီ၏ လိုအပ်သောငွေကြေးကို Head Office တရုတ်နိုင်ငံမှချေးယူရာတွင် ရုံးခွဲနှင့် ရုံးချုပ်သည် တစ်ရုံးတည်းဖြစ်ပါကအတိုးပေးရန်မလိုအပ်ပါ။ ၎င်းတို့အချင်းချင်း အတိုးဖြင့်ငွေချေးယူမည်ဆိုပါက အဆိုပါအတိုးပေးငွေအပေါ် အမိန့်ကြော်ငြာစာ အမှတ် ၄၁/ ၂၀၁၀ အရ ပင်ရင်းမှနုတ်ယူပေးသွင်းခွန် ဖြတ်ယူရမည် ဖြစ်ပြီး ပြည် တွင်းရုံးခွဲ၏ ပြည်တွင်းဝင်ငွေအပေါ် ဝင်ငွေခွန်နည်းဥပဒေ ၁၀ ပါအတိုင်း စည်းကြပ်မှု ခံယူရန်လိုအပ်မည် ဖြစ်ပါသည်။

Question

တရုတ်နိုင်ငံ၌ ရုံးချုပ် (Head Office) တည်ရှိပြီး ပြည်တွင်း၌ တရုတ်ရုံးခွဲကုမ္ပဏီ လာရောက်ဖွင့်လှစ်လုပ်ကိုင်ကြသည့် ကုမ္ပဏီအနေဖြင့် ပြည်တွင်းတရုတ်နိုင်ငံခြား ကုမ္ပဏီ၏ လိုအပ်သောငွေကြေးကို Head Office တရုတ်နိုင်ငံမှချေးယူရာတွင် ၎င်းတို့အချင်းချင်း အတိုးနှုန်းအနည်းငယ်သာရယူ၍ ချေးငှားယူကြရာ ပြည်တွင်း၌ ဖွင့်လှစ်ဆောင်ရွက်သည့် ရုံးခွဲတရုတ်ကုမ္ပဏီမှာ ရုံးချူပ်ကုမ္ပဏီပင် ဖြစ်ပါသဖြင့် တရုတ်နိုင်ငံသို့ အတိုးနှုန်းပေးငွေအပေါ် ပင်ရင်းမှနုတ်ယူပေးသွင်းခွန် WHT ၁၅% နုတ်ယူရခြင်း ရှိ/ မရှိ သိရှိလို၍ မေးမြန်းခြင်း။