အခွန်ပေးသွင်းခြင်း

၄။ အခွန်ပေးဆောင်ခြင်း။(Payment)
အထူးကုန်စည်ခွန်

- အထူးကုန်စည်များတင်သွင်းလျှင်(ကုန်စည်ကို ရွေးယူခြင်းမပြုမီ)
- အထူးကုန်စည်များထုတ်လုပ်လျှင်(ရောင်းချသည့်လကုန်ဆုံးပြီး(၁၀)ရက်အတွင်း)
- အထူးကုန်စည်ခွန်တင်ပို့လျှင်(တင်ပို့သည့်လ၏လကုန်ဆုံးပြီး(၁၀)ရက်အတွင်း) ပေးဆောင်ရပါမည်။ (အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၈)    

လစဉ်ကုန်သွယ်လုပ်ငန်းခွန်  
 

- ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သည့်လုပ်ငန်းဖြစ်လျှင်(သက်ဆိုင်ရာလကုန်ဆုံး ပြီး(၁၀)ရက်အတွင်း) လစဉ် ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရပါမည်။

ကြိုတင်ဝင်ငွေခွန်

- သုံးလတစ်ကြိမ် ကြိုတင်ဝင်ငွေခွန်ပေးဆောင်ရမည်။ ပတခ(ဝင)-၁၈ ပုံစံ ချလန် ဖြင့် ပေးသွင်းရမည်ဖြစ်ပါသည်။

အပြီးသတ်စည်းကြပ်မှု့အရပေးဆောင်ခြင်း

- အပြီးသတ်စည်းကြပ်မှုအရ ပေးပို့လာသည့် ကုန်သွယ်လုပ်ငန်းခွန်အခွန် တောင်းခံလွှာ ပတခ(ကသခ)-၁၇၊ ဝင်ငွေခွန်တောင်းခံလွှာပတခ(ဝင)-၈ အရ ထပ်မံပေးဆောင်ရမည့်အခွန်များကို အခွန်တောင်းခံလွှာပါ သတ်မှတ်နေ့ရက် အတွင်း ပေးဆောင်ရပါမည်။