အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း
၆။ အခွန်ကျသင့်ခြင်းနှင့်အခွန်တွက်ချက်ခန့်မှန်းခြင်း။(Taxation & Calculation)
ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း(ကုန်သွယ်လုပ်ငန်းခွန်)
- ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုအနုပညာဝန်ဆောင်မှုများမှအပ အခြား အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း( ဥပမာ- အခွန်ဆိုင်ရာ/ စာရင်းဆိုင်ရာ/ ဥပဒေဆိုင်ရာ/ ဆောက်လုပ်ရေးဆိုင်ရာအကြံပေးဆောင်ရွက်ခရငွေ) မှ ဝင်ငွေ ရရှိသူများအနေဖြင့်ကုန်သွယ်လုပ်ငန်းခွန်၅ရာခိုင်နှုန်းပေးဆောင်ရပါမည်။
(၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄(င))
ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း(ဝင်ငွေခွန်)
- အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ ဝင်ငွေအပေါ် ထိုဝင်ငွေရရှိရန် ကုန်ကျ သည့်စရိတ်များနှင့် စည်းမျဉ်းများအရပြဌာန်းထားသည့် ပစ္စည်းတန်ဖိုးလျော့ နှင့် ဝင်ငွေခွန်ဥပဒေပုဒ်မ၆အရ သက်သက်ခွင့်များကိုနုတ်ပြီး၊ ကျန်ဝင်ငွေ အပေါ်အောက်ပါဝင်ငွေအလွှာလိုက် နှုန်းထားအတိုင်း ဝင်ငွေခွန် ကျသင့်ပါမည်။
အမှတ်စဉ်
|
သတ်မှတ်ထားသောသက်သာခွင့်များနုတ်ပယ်ပြီး နောက်ကျန်ဝင်ငွေအပေါ်ဝင်ငွေခွန်စည်းကြပ်ရန်
ဝင်ငွေအလွှာ
|
စည်းကြပ်
ရန် ဝင်ငွေနှုန်း |
|
မှ
|
ထိ
|
||
ကျပ်
|
ကျပ်
|
||
(၁)
|
၁
|
၂၀၀၀၀၀၀
|
၀ရာခိုင်နှုန်း
|
(၂)
|
၂၀၀၀၀၀၁
|
၅၀၀၀၀၀၀
|
၅ရာခိုင်နှုန်း
|
(၃)
|
၅၀၀၀၀၀၁
|
၁၀၀၀၀၀၀၀
|
၁၀ရာခိုင်နှုန်း
|
(၄)
|
၁၀၀၀၀၀၀၁
|
၂၀၀၀၀၀၀၀
|
၁၅ရာခိုင်နှုန်း
|
(၅)
|
၂၀၀၀၀၀၀၁
|
၃၀၀၀၀၀၀၀
|
၂၀ရာခိုင်နှုန်း
|
(၆)
|
၃၀၀၀၀၀၀၁နှင့်အထက်
|
၂၅ရာခိုင်နှုန်း
|
(မိမိကျသင့်မည့်အခွန်ကို Tax Calculator link တွင်ဝင်ရောက် တွက်ချက်ခန့်မှန်းနိုင်ပါ သည်။)