ဘဏ်မှအိမ်ပေါင်ခြင်းကိုလက်ခံသည့်ကိစ္စ၌ပေါင်နှံသူကပစ္စည်းကိုပေးအပ်ခြင်းမရှိဘဲအိမ်ဂရန်ရယူထားပြီးကိုယ်တိုင်ခံဝန်ချုပ်ချုပ်ဆိုကာ၎င်းခံဝန်ချုပ်ကိုသာဘဏ်မှရယူထားပါသည်။ ထိုခံဝန်ချုပ်အပေါ်တံဆိပ်ခေါင်းခွန်မည်မျှထမ်းဆောင်ရမည်ကိုသိရှိလိုပါသည်။ သက်တမ်းတိုး

Answer

ဘဏ်မှအိမ်ပေါင်ခြင်းကို လက်ခံသည့်ကိစ္စ၌ ပေါင်နှံသူက ပစ္စည်းကိုပေးအပ်ခြင်းမရှိဘဲ အိမ်ဂရန်ရယူထားပြီး ကိုယ်တိုင်ခံဝန်ချုပ်ချုပ်ဆိုကာ ၎င်းခံဝန်ချုပ်ကိုသာ ဘဏ်မှရယူထားခြင်း အတွက် ထိုခံဝန်ချုပ်အပေါ် တံဆိပ်ခေါင်းခွန်မှာ ထိုငွေပမာဏ (သို့မဟုတ်) တန်ဖိုးအပေါ် ၀.၅% ထမ်းဆောင်ရမည်ဖြစ်ပါသည်။ ထိုခံဝန်ချုပ်ကို သက်တမ်းထပ်တိုးပါက ထပ်မံချုပ်ဆိုခြင်းအပေါ် တံဆိပ်ခေါင်းခွန် ၀.၅% ထပ်မံထမ်းဆောင်ရမည် ဖြစ်ပါသည်။

Question

ဘဏ်မှအိမ်ပေါင်ခြင်းကို လက်ခံသည့်ကိစ္စ၌ ပေါင်နှံသူကပစ္စည်းကို ပေးအပ်ခြင်းမရှိဘဲ အိမ်ဂရန်ရယူထားပြီး ကိုယ်တိုင်ခံဝန်ချုပ်ချုပ်ဆိုကာ ၎င်းခံဝန်ချုပ်ကိုသာ ဘဏ်မှရယူထားပါသည်။ ထိုခံဝန်ချုပ်အပေါ် တံဆိပ်ခေါင်းခွန် မည်မျှထမ်းဆောင်ရမည်ကို သိရှိလိုပါသည်။ သက်တမ်းတိုးပါကလည်း တံဆိပ်ခေါင်းခွန်မည်မျှ ထမ်းဆောင်ရမည်ကို သိရှိလိုပါသည်။