အွန်လိုင်းမှ ထိုးကြမည် အောင်ဘာလေသိန်းဆုထီ
Answer
ဖြေ။ ဇွန် ၁ ရက် (၅၂) ကြိမ်မြောက် အောင်ဘာလေထီနဲ့အတူ အောင်ဘာလေအွန်လိုင်းထီဖွင့်ပွဲကို ပူးတွဲကျင်းပမှာဖြစ်ပါတယ်။ ထီဆုငွေခွဲဝေမှုအစီအစဉ်အနေနဲ့က အောင်ဘာလေထီနဲ့ အောင်ဘာလေ အွန်လိုင်းထီလက်မှတ် ရောင်းရငွေစုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ချီးမြှင့်မှာ ဖြစ်ပါတယ်။ အမြင့်ဆုံးဆုငွေ ကျပ်သိန်း ၅၀၀၀ (သိန်းငါးထောင်) ဖြစ်ပြီး အနိမ့်ဆုံးက ကျပ် ၁၀၀၀၀ (တစ်သောင်းကျပ်) သတ်မှတ်ထားပါတယ်။ အောင်ဘာလေအွန်လိုင်းထီအတွက် ထီဆုငွေထုတ်ပေး မယ့်အစီအစဉ်က ကျပ် ၁၀သိန်းနဲ့အောက် ထီဆုငွေတွေ ထုတ်ပေးရာမှာ အွန်လိုင်းထီကံစမ်းစဉ်က ကံထူးရှင်ရွေးချယ်အသုံးပြုခဲ့တဲ့ Pay ကို တိုက်ရိုက်လွှဲပြောင်းထုတ်ပေးမှာ ဖြစ်ပါတယ်။
ကံထူးရှင်က KBZ Pay နဲ့ ထီထိုးကံစမ်းခဲ့ရင် KBZ Pay ၊ AYA Pay နဲ့ထီထိုးကံစမ်းခဲ့ရင် AYA Pay ၊ အခြား Pay တွေဆိုရင်လည်း ဒီ Pay အတိုင်းလွှဲပြောင်းထုတ်ပေးမှာဖြစ်ပါတယ်။ အွန်လိုင်းထီ အတွက် ငွေကျပ် ၁၀ သိန်းအထက် ထီဆုငွေတွေကို အောင်ဘာလေသိန်းဆုဌာနခွဲ ရန်ကုန်နဲ့ မန္တလေး ရုံးခွဲတွေမှာ လက်ရှိဆောင်ရွက်နေတဲ့ အောင်ဘာလေထီဆုငွေ ထုတ်ပေးတဲ့ လုပ်ငန်းစဉ်အတိုင်း ထုတ်ပေးသွားမှာဖြစ်ပါတယ်။
အွန်လိုင်းထီပေါက်ခဲ့ရင် ထီပေါက်ကြောင်းကို Application မှာပါဝင်တဲ့ ကျွန်ုပ်၏ ထီလက်မှတ် ကဏ္ဍမှာပါဝင်တဲ့ (ထီပေါက်ပါသည်ခေါင်းစဉ်အောက်)မှာ ဖော်ပြထားမှာဖြစ်သလို ထီကံထူးရှင်ထံ SMS စာတိုပေးပို့ပြီး အသိပေးအကြောင်းကြားမှာဖြစ်ပါတယ်။ ဒါ့အပြင် ထီကံထူးရှင်ထံ ထီဆုငွေ ထုတ်ယူဖို့ လျှို့ဝှက်ကုဒ်ပါဝင်တဲ့ SMS ကို ထပ်မံပေးပို့မှာဖြစ်ပါတယ်။ ထီကံထူးရှင်က ပေးပို့ခဲ့တဲ့ လျှို့ဝှက်ကုဒ်နံပါတ်ကို အသုံးပြုပြီး Application ကတစ်ဆင့် ထီဆုငွေကို လျှောက်ထားဖို့ လိုအပ်ပါ တယ်။ ထီဆုငွေတွေကို အကြိမ်အလိုက် အောင်ဘာလေသိန်းဆု ထီပေါက်စဉ် ကြေညာတဲ့နေ့ကနေ တစ်နှစ်အတွင်း တောင်းခံနိုင်တယ်ဆိုတာ အသိပေးပြောကြားလိုပါတယ်။
Question
မေး။ ချီးမြှင့်နေတဲ့ ထီဆုတွေအကြောင်း၊ ထီပေါက်ရင် ဘယ်လိုထုတ်ယူနိုင်တယ်ဆိုတာကိုလည်း ပြောကြားပေးစေလိုပါတယ်။