စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏အမိန့်ကြော်ငြာ စာအမှတ် ၃၈/၂၀၁၈ ထုတ်ပြန်ရခြင်း ၏ ရည်ရွယ်ချက်ကို သိရှိလိုပါသည်။

Answer

ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်က ရယူ ဆောင်ရွက်သည့် ထောက်ပံ့ငွေများ (Grant Aid) နှင့် တရားဝင်ဖွံ့ဖြိုးမှု အကူအညီချေးငွေ (Official Development Assistant Loan-ODA Loan) တို့ဖြင့် ဆောင်ရွက်နေသော နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းများအနေဖြင့် ဥပဒေနှင့်အညီ အခွန်ကင်းလွတ်ခွင့်များ ကို အပြည့်အဝခံစားခွင့်ရရှိနိုင်ရန်နှင့် အခွန်ကင်းလွတ်ခွင့်မရရှိနိုင်သည့် ကိစ္စရပ်များကိုလည်း ရှင်းလင်းစွာသိရှိနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ယင်းအမိန့်ကြော်ငြာစာအား ထုတ်ပြန်ရခြင်း ဖြစ်ပါသည်။

Question

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏အမိန့်ကြော်ငြာ စာအမှတ် ၃၈/၂၀၁၈ ထုတ်ပြန်ရခြင်း ၏ ရည်ရွယ်ချက်ကို သိရှိလိုပါသည်။

FAQ Category