နိုင်ငံခြားတွင် အလုပ်သွားလုပ်နေသူတွေ၏ဝင်ငွေအပေါ် အခွန်ကောက်ခံသော အခြေအနေ သိရှိလိုပါသည်။ မရှိပါက မည်သည့်အချိန်ကတည်းက အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရှိလိုပါသည်။
Answer
နိုင်ငံခြားမှာအလုပ်သွားလုပ်နေသူ ( ပြည်ပနေနိုင်ငံသား) ၏ ပြည်ပမှာ နိုင်ငံခြားငွေဖြင့်ရရှိ သော လစာခေါင်းစဉ်မှ ဝင်ငွေကို ၁-၁-၂၀၁၂ ရက်နေ့ကစပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်၊ ၅၇/ ၂၀၁၁ နဲ့ အခွန်ကင်းလွတ်ခွင့်ပြုခဲ့ပါသည်။ ယခုလက်ရှိ တွင်လည်း နှစ်စဉ်ပြဌာန်းသည့် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေများတွင် ပြည်ပနေ နိုင်ငံသားများ၏ လစာခေါင်းစဉ်မှ ဝင်ငွေကို ကင်းလွတ်ခွင့်ပြုပေးထားပါသည်။
လစာဆိုရာတွင် ''မည်သူမဆို အလုပ်ရှင်ထံမှ မိမိရရှိသည့် သို့မဟုတ် ရရန်ရှိသည့် လစာ၊ လုပ်ခ၊ နှစ်စဉ်ကြေး၊ ဆုကြေး၊ ချီးမြှင့်ငွေ၊ လစာနှင့်လုပ်ခအစား သို့မဟုတ် ယင်းတို့အပြင် ထပ်ဆောင်းရရှိသည့် အခကြေးငွေ၊ ကော်မရှင်တို့အတွက် လစာခေါင်းစဉ်ဖြင့် အခွန် ထမ်းဆောင်ရမည်"ဟု ဝင်ငွေခွန်ဥပဒေပုဒ်မ ၉ တွင် ပြဌာန်းထားပါသည်။ နိုင်ငံခြားသို့သွားရောက် အလုပ်လုပ်ကိုင်သောသူများ၏ လစာခေါင်းစဉ်မှလွဲ၍ ကျန် ဝင်ငွေအတွက် နိုင်ငံခြားငွေဖြင့် ပြည်ပတွင်ရရှိသည့် စုစုပေါင်းဝင်ငွေအပေါ် ၁၀% ဝင်ငွေခွန် ပေးဆောင်ရမှာဖြစ်ပါသည်။
Question
နိုင်ငံခြားတွင် အလုပ်သွားလုပ်နေသူတွေ၏ဝင်ငွေအပေါ် အခွန်ကောက်ခံသော အခြေအနေ သိရှိလိုပါသည်။ မရှိပါက မည်သည့်အချိန်ကတည်းက အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရှိလိုပါသည်။