ဟိုတယ်/တည်းခိုခန်း၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအား အသိပေးကြေညာချက်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
ဟိုတယ်/တည်းခိုခန်း၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအား အသိပေးကြေညာချက်
(Service Charges များအပါအဝင် စုစုပေါင်းရငွေ/ရောင်းရငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံရန်ကိစ္စ)
၁။ ၁၉၉၀ ပြည့်နှစ်၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၅ ပုဒ်မခွဲ (ခ) ၌ ဝန်ဆောင်မှုဆောင်ရွက် သူက ကုန်သွယ်လုပ်ငန်းခွန် မကျသင့်မီရငွေနှင့်အတူ ဝန်ဆောင်မှုကိုရယူသူထံမှ အခွန်ကိုတစ်ပါ တည်း ကောက်ခံပြီး ပေးဆောင်ရမည်ဖြစ်ကြောင်း သတ်မှတ်ပြဋ္ဌာန်းထားပါသည်။
၂။ နှစ်စဉ်ပြဋ္ဌာန်းလျက်ရှိသည့် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေဖြင့် ကင်းလွတ်ခွင့်ပြု ထားသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများမှအပ ကျန်ကုန်စည်နှင့်ဝန်ဆောင်မှုများအားလုံးမှာ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်ဖြစ်ပါသည်။
၃။ ဟိုတယ်/တည်းခိုခန်း၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအနေဖြင့် တည်းခိုခရငွေ၊ စားသောက် ဖွယ်ရောင်းချရငွေများအပြင် ဝန်ဆောင်ခအဖြစ်ရယူထားသော ပုလင်းဖွင့်ခ (Bottle Charges)၊ အခန်းခ(Room Charges) နှင့် ဝန်ဆောင်ခ(Service Charges) တို့ကိုပါကုန်သွယ်လုပ်ငန်းခွန် ဥပဒေနှင့်အညီ တွက်ချက်ကောက်ခံရန် လိုအပ်ပါသည်။
၄။ ဟိုတယ်/တည်းခိုခန်း၊ စားသောက်ဆိုင်လုပ်ငန်းများအနေဖြင့် ထုတ်ပေးသည့် ပြေစာတွင် ကုန်သွယ်လုပ်ငန်းခွန် တွက်ချက်မှုပုံစံအမျိုးမျိုး အသုံးပြုနေကြပါသဖြင့် အောက်ပါနမူနာပုံစံ အတိုင်း တွက်ချက်ဖော်ပြပေးနိုင်ပါရန် အသိပေးအပ်ပါသည် -
နမူနာပုံစံ
ကျသင့်ငွေ (က)
ပုလင်းဖွင့်ခ (Bottle Charges) (ခ)
အခန်းခ (Room Charges) (ဂ)
ဝန်ဆောင်ခ (Service Charges) (ဃ)
ကုန်သွယ်လုပ်ငန်းခွန်မကျသင့်မီရငွေ/ရောင်းရငွေ (က+ခ+ဂ+ဃ)
ကျသင့်ကုန်သွယ်လုပ်ငန်းခွန်(က+ခ+ဂ+ဃ)x (င)
စုစုပေါင်းရငွေ/ရောင်းရငွေ (က+ခ+ဂ+ဃ+င)
၅။ ထို့အပြင်ဖော်ပြပါအတိုင်း တွက်ချက်တောင်းခံသည့်ပြေစာပေါ်တွင် ကျသင့်သည့် ကုန်သွယ် လုပ်ငန်းခွန် တန်ဖိုးပမာဏအတိုင်း အခွန်အမှတ်တံဆိပ်ကပ်နှိပ်ပေးရမည်ဖြစ်ပြီး လိုက်နာမှုမရှိပါ က ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (စ) အရ ဒဏ်တပ်ရိုက်ခြင်းခံရမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
၆။ မရှင်းလင်းသည့်အချက်များကို အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး (သို့မဟုတ်) အလယ် အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁)၊ (၂)၊ (၃) (သို့မဟုတ်) ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာန မှူးရုံး(သို့မဟုတ်) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (နေပြည်တော်) ရုံးအမှတ်၊ ၄၆ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ဖုန်းနံပါတ်- ၀၆၇-၃၄၃၀၅၃၃ ၊ ၀၆၇-၃၄၃၀၅၂၂၊ (သို့မဟုတ်) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (ရန်ကုန်) အမှတ် ၅၉/၆၁ ၊ မြေညီထပ်၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ဖုန်းနံပါတ်- ၀၁-၃၇၈၃၇၀၊ ၀၁-၃၇၈၃၇၂၊ (သို့မဟုတ်) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး(မန္တလေး) ၆၅ လမ်း၊ ၂၂ x ၂၃ လမ်းကြား၊ ဖုန်းနံပါတ် - ၀၂-၄၀၃၀၁၉၂ သို့ မေးမြန်း စုံစမ်းနိုင်ပါသည်။
ပြည်တွင်းအခွန်များဦးစီးဌာန
PDF Upload
Attachment | Size |
---|---|
ဟိုတယ်/တည်းခိုခန်း၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအား အသိပေးကြေညာချက် | 84.6 KB |