ဟိုတယ်/တည်းခိုခန်းနှင့် စားသောက်ဆိုင်လုပ်ငန်းများအား ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရေးဆိုင်ရာရှင်းလင်းဆွေးနွေးပွဲ ကျင်းပခြင်း

      ရန်ကုန်     သြဂုတ်လ    ၂၃ 

 

          ဟိုတယ်/တည်းခိုခန်းနှင့် စားသောက်ဆိုင်လုပ်ငန်းများအား ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံ ရေးဆိုင်ရာရှင်းလင်းဆွေးနွေးပွဲကို ရန်ကုန်မြို့၊ အောင်ဘာလေသိန်းဆုဌာနခွဲ အစည်းအဝေးခန်းမ တွင် ၂၀၁၈ ခုနှစ် ၊ သြဂုတ်လ ၂၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ အလယ်အလတ်အခွန်ထမ်းများ ဆိုင်ရာအခွန်ရုံး(၂) ဌာနမှူး၊ ဦးထွန်းသန်းမှ ကြီးမှူးကျင်းပခဲ့ပြီး အလယ်အလတ်အခွန်ထမ်းများ ဆိုင်ရာအခွန်ရုံး(၂) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးစိုးက ရှင်းလင်းဆွေးနွေးခဲ့ပါ သည်။

အဆိုပါ ဆွေးနွေးပွဲသို့  အခွန်ထမ်းပြည်သူ ၄၁ ဦး တက်ရောက်ခဲ့ပြီး ၎င်းတို့သိရှိလိုသည် များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။