မြန်မာ့လျှပ်စစ်ဓါတ်အားပို့လွှတ်ရေးဦးစီးဌာနသည်ဓါတ်အားခွဲရုံတည်ဆောက်သည့်မြေနေရာအတွက်မြေပိုင်ရှင်များသို့ မြေယာလျော်ကြေးငွေကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကပေးခဲ့သော်လည်း Budget လျာထားချက်မရှိ၍ လျော်ကြေးငွေပေးစဉ်ကတံဆိပ်ခေါင်းခွန်ထမ်းဆောင်ခဲ့ခြင်းမရှိပါ။ ယခု

Answer

တံဆိပ်ခေါင်းခွန်ထိုက်သင့်သော စာချုပ်စာတမ်းများအတွက် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက် ဥပဒေပုဒ်မ ၁၇ အရ စာချုပ်မချုပ်ဆိုမီဖြစ်စေ၊ ချုပ်ဆိုသည့်အခါ၌ဖြစ်စေ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရပါမည်။ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၄၁ အရတံဆိပ်ခေါင်းခွန် ထိုက်သင့်သည့် စာချုပ်စာတမ်းတစ်စုံတစ်ရာကို တံဆိပ်ခေါင်းခွန် ထမ်းဆောင်ထားခြင်း မရှိပါက ထိုစာချုပ်စာတမ်းသည် ထိုက်သင့်သည့်တံဆိပ်ခေါင်းကို ကပ်နှိပ်ရခြင်းမရှိသေးကြောင်း မြို့နယ်အခွန်ဦးစီးဌာနမှူးထံသို့ အသိပေးအကြောင်းကြားပြီး လိုအပ်သည့် တံဆိပ်ခေါင်း တန်ဖိုးငွေကိုသော်လည်းကောင်း၊ ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်ကို ပြည့်မီရန်လိုအပ် သည့် တံဆိပ်ခေါင်းဖိုးငွေကိုသော်လည်းကောင်း ပေးရန်ကမ်းလှမ်းလာသည့် အခါတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိတ္တော်အရာရှိ) သည် ထိုစာချုပ်ကို ထိုက်သင့်သည့် တံဆိပ်ခေါင်းကပ်ရန်ပျက်ကွက်ခဲ့ခြင်းမှာ မတော်တဆဖြစ်ခြင်း၊ မှားယွင်းခြင်း၊ အရေးတကြီးလိုအပ်ခြင်းကြောင့် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ခဲ့ပါက မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိတ္တော်အရာရှိ) သည် ထိုက်သင့်သောတံဆိပ်ခေါင်းဖိုးငွေကို လက်ခံရယူပြီးနောက်ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်နိုင်သည်။ စာချုပ်စာတမ်းသည် အစိုးရက တံဆိပ်ခေါင်းခွန် ကျခံရမည့် စာချုပ်စာတမ်းဖြစ်ပါက ပုဒ်မ ၃ ခြွင်းချက်အရ ကင်းလွတ်ခွင့်ရှိပါသည်။

Question

မြန်မာ့လျှပ်စစ်ဓါတ်အားပို့လွှတ်ရေးဦးစီးဌာနသည် ဓါတ်အားခွဲရုံ တည်ဆောက်သည့် မြေနေရာအတွက် မြေပိုင်ရှင်များသို့ မြေယာလျော်ကြေးငွေကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က ပေးခဲ့သော်လည်း Budget လျာထားချက်မရှိ၍ လျော်ကြေးငွေပေးစဉ်က တံဆိပ်ခေါင်းခွန် ထမ်းဆောင်ခဲ့ခြင်းမရှိပါ။ ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှသာ တံဆိပ်ခေါင်းခွန်အတွက် Budget  ရပါသည်။ ယခုမှ Budget ရ၍ တံဆိပ်ခေါင်းခွန်ထမ်းဆောင်မည်ဆိုပါက ထိုတံဆိပ်ခေါင်းခွန်အတွက် ဒဏ်ကင်းလွတ်ခွင့်တင်၍ ရ/ မရ သိရှိလိုပါသည်။